DVB Logo
Home
မြန်မာသတင်း
မြန်မာတပ်မတော်နှင့် ဆက်နွှယ်သည့် ဖေ့စ်ဘွတ်ခ်ခ်စာမျက်နှာ ၄၀၀ ကျော်ထပ်မံပိတ်သိမ်းခံရ
DVB
·
December 19, 2018
မြန်မာတပ်မတော်နှင့် ဆက်နွှယ်သည့် ဖေ့စ်ဘွတ်ခ်ခ်စာမျက်နှာ ၄၀၀ ကျော်ထပ်မံပိတ်သိမ်းခံရ
Donate to DVB

မြန်မာတပ်မတော်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေနဲ့ အကောင့်ပေါင်း ရာနဲ့ချီပြီး ထပ်မံဖယ်ရှား ပိတ်သိမ်းလိုက်တယ်လို့  ဖေ့စ်ဘွတ်ကုမ္ပဏီက ဒီဇင်ဘာ ၁၈ ရက်က ကြေညာပါတယ်။

သတင်းတုတွေနဲ့ အမုန်းတရားဖြန့်တဲ့ စာမျက်နှာတွေကို ပိတ်သိမ်းပယ်ဖျက်လိုက်တာဖြစ်ပြီး ဖယ်ရှားလိုက်တဲ့အထဲမှာ တပ်မတော်နဲ့ ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါင်း ၄၂၅ ခု၊ အကောင့် ၁၃၅ ခု၊  ဖေ့စ်ဘွတ်ခ်အုပ်စု ၁၇ ခုနဲ့ အင်စတာဂရမ် အကောင့် ၁၅ ခုပါဝင်တယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကို ခုလို ပိတ်သိမ်းလိုက်တာဟာ ဒုတိယ အကြိမ်ဖြစ်ပြီး သြဂုတ်လတုန်းကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်ခ်နဲ့  စစ်တပ်ပိုင် မြ၀တီသတင်းဌာနတို့ရဲ့ ဖေ့စ်ဘွတ်ခ်တွေ အပါအ၀င် တပ်နဲ့ ပတ်သက်တဲ့ အကောင့် ၁၈ ခုနဲ့ စာမျက်နှာ ၅၂ ခု ပိတ်သိမ်းခံခဲ့ရပါတယ်။

ခုထပ်မံဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေထဲမှာ  သတင်းစာမျက်နှာ၊ ဖျော်ဖြေရေး၊ အလှအပနဲ့ လူမှုဘ၀ စာမျက်နှာတွေ ပါဝင်ပြီး  စာမျက်နှာ တခုဟာဆိုရင် followers နှစ်သန်းခွဲလောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီစာမျက်နှာတွေမှာတင်ထားတဲ့ အကြောင်းအရာအမျိုးအစားထက်စာရင် သူတို့ရဲ့ ပြုမှုဆောင်ရွက်ချက်တွေအပေါ် အခြေခံပြီး  ခုလို ပယ်ဖျက် ပိတ်သိမ်းလိုက်တာလို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ပြောပါတယ်။

ကာကွယ်ရေးဦးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်ခ် အပါအဝင် တပ်မတော်နဲ့ဆိုင်တဲ့ စာမျက်နှာ ၅၂ ခု ပိတ်သိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ပူးပေါင်းပြီး တုံ့ပြန်ဖြေရှင်းဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ကြံ့ခိုင်ရေးပါတီက တင်သွင်းခဲ့ပေမယ့်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုဘဲ ပယ်ချခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာအပါအ၀င် တပ်မတော်နဲ့ ပတ်သက်တဲ့ အကောင့်တွေဟာ ရုရှားနိုင်ငံရဲ့ ဆိုရှယ်မီဒီယာ လူမှုကွန်ရက် တခုဖြစ်တဲ့ VK မှာ အကောင့်သစ်တွေဖွင့်ပြီး အသုံးပြုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013