DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီ ၂၁ ဦးကို နိုင်ငံသားမှတ်ပုံတင် မှားယွင်းထုတ်ပေးခဲ့ဟု လ၀က၀န်ကြီးဝန်ခံ
DVB
·
December 19, 2018
ဘင်္ဂါလီ ၂၁ ဦးကို နိုင်ငံသားမှတ်ပုံတင် မှားယွင်းထုတ်ပေးခဲ့ဟု လ၀က၀န်ကြီးဝန်ခံ
Donate to DVB

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ၂၁ဦးကို ကမန်လူမျိုးနဲ့ မှားယွင်းပြီး နိုင်ငံသား စိစစ်ရေး ကတ်ထုတ်ပေးခဲ့တာ စိစစ်တွေ့ရှိခဲ့တယ်လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

ဒီနေ့ပြည်သူ့လွှတ်တော်မှာ ဘူးသီးတောင် မဲဆန္ဒနယ်က ဦးအောင်သောင်းရွှေက ဘင်္ဂါလီလူမျိုးတွေ ကမန်လူမျိုးအမည်ခံကာ မြန်မာနိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပေးဖို့ မေးခွန်းကို ၀န်ကြီးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ထုတ်ပေးထားတဲ့ အမှုတွဲ ၃၂၈၅မှုမှာ ကမန်လူမျိုးလို့ ထုတ်ပေးတာ မှန်ကန်တာ တွေ့ရှိရပါတယ်။ ကျန် အိမ်ထောင်စု ၉ စုရဲ့ အမှုတွဲ ၂၁မှု လူ ၂၁ ဦးကတော့ ကမန်လူမျိုးအဖြစ် သေချာမှု ရှိ မရှိ ပြန်လည်စိစစ်ဖို့လိုတယ်လို့ ကျနော်တို့ တွေ့ရှိပါတယ်။ အဲ့ဒီ တွေ့ရှိချက်များအရ ရုံးချုပ်မှာရှိတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစီးပြီးတော့မှ အဖွဲ့တဖွဲ့နဲ့ဒေသကို ကွင်းဆင်း စေလွှတ်ပါတယ်။ စေလွှတ်ပြီးတော့မှ ဒေသမှာရှိတဲ့ ရပ်မိရပ်ဖများ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ အပါအ၀င် ရမ်းဗြဲမြို့နယ်ရုံးမှာရှိတဲ့ မှတ်တမ်းမှတ်ရာများနဲ့ပါ တိုက်ဆိုင်ပြီးတော့မှ စစ်ဆေးပါတယ်။ စစ်ဆေးပြီးတော့မှ တွေ့ရှိချက်များအပေါ်မူတည်ပြီးမှ အဲ့ဒီ ၂၁ ဦးအတွက် ပြန်လည်ထုတ်ပေး သင့်တဲ့ လူမျိုးအမှန်နဲ့ စာရင်းကို ကျနော်တို့ ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို မှားယွင်းမှုအတွက်လည်းပဲ မည်သူ့မှာ တာဝန်ရှိသလဲ၊ မည်သည့်အတွက်ကြောင့် မှားယွင်းရတယ် ဆိုတဲ့  အချက်ကိုလည်းပဲ ဒုတိယညွှန်ကြားရေးမှူးချုပ် နောက်တဦးနဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး ဆောင်ရွက်နေပါတယ်။”

စုံစမ်းစစ်ဆေးပြီးပါက တာဝန်ရှိသူတွေကို ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အရေးယူမယ်လို့ လည်း ၀န်ကြီးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလကစပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး လူပေါင်း ၃၃၀၆ ဦးကို နိုင်ငံသားကတ်တွေထုတ်ပေးခဲ့ပါတယ်။

ဒီလူတွေကို ကမန်လူမျိုးဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်တွေထုတ်ပေးခဲ့တာကို ပြည်တွင်း ပြည်ပက ကန့်ကွက်ခဲ့တာကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနက ပြန်လည်စိစစ်ခဲ့ရာမှာ လူ ၂၁ဦးကို မှားယွင်းထုတ်ပေးခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်နီမော်မှာ ကမန်တိုင်းရင်းသားမဟုတ်သူတွေကို ကမန်တိုင်းရင်း သားတွေအဖြစ် မှတ်ပုံတင်ထုတ်ပေးထားတယ်ဆိုပြီး ဒေသခံရခိုင်နဲ့ ကမန်တိုင်းရင်းသားတွေက ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ကျောက်နီမော်အုပ်စုနေ ဘင်္ဂါလီတွေကို ကမန်လူမျိုး အမည်နဲ့  ၁၁/ရဗန(နိုင်) မှတ်ပုံတင်ကတ်ပြား ၃၃၀၆ လုပ်ပေးထားတဲ့ကိစ္စကို ပြန်လည်ဆန်းစစ်ဖို့နဲ့ လူမျိုးအမည်မှားယွင်းစွာ ဖော်ပြထားတဲ့ကတ်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013