DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ပျက်စီးစပါးဧက ၆ သောင်းအတွက် မျိုးစပါး ဖြန့်ဝေရန် စီစဉ်
DVB
·
September 7, 2012
ဧရာဝတီတိုင်း ပျက်စီးစပါးဧက ၆ သောင်းအတွက် မျိုးစပါး ဖြန့်ဝေရန် စီစဉ်
1 / 2
Donate to DVB

ဧရာဝတီတိုင်းမှာ ရေလွှမ်းခဲ့မှုကြောင့် ပျက်စီးသွားတဲ့ ဧက ၆ သောင်းလောက် အတွက် ပြန် စိုက်ပျိုးဖို့ မျိုးစပါးတွေ ဖြန့်ဝေပေးရေး စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း က ပြောပါတယ်။

ဆန်စပါးလုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်းက “ဧရာဝတီတိုင်းမှာတော့ ကျနော်တို့ အားလုံး ဧက ၆ သောင်းလောက် ပြန်စိုက်ဖို့ရှိတယ်။ ဆန်းစပါးလုပ်ငန်းရှင်များ အသင်းကလည်း မိုးစပါးကိုလည်း မီဖို့ အသင့်လုပ်ထားတယ်။ နိုင်ငံတော်အစိုးရကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးတဲ့အခါ နိုင်ငံတော်သမ္မတကြီးက သဘာဝဘေးအန္တရယ်ပြန်လည် ထူထောင်ရေးရန်ပုံငွေထဲက မိုးစပါး ဧရာဝတီတိုင်းကို မျိုးစပါးပင် ၈ သောင်း၊ ရန်ကုန်တိုင်းကို ၅ သောင်းပေါ့။ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက ပေးမယ်လို့ သမ္မတကြီးက ပြောတယ်။

[caption id="attachment_30510" align="alignright" width="300" caption="ဧရာဝတီတိုင်း ပုသိမ်မြို့တွင်ရေကြီးစဉ်က (ဓာတ်ပုံ- ဦးမောင်မောင်မြင့်)"][/caption]

လယ်သားတွေအတွက် သွင်းအားစုတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာနဲ့ လုပ်အားခငွေ ကိုတော့ ဆန်းစပါးလုပ်ငန်းရှင်များးအနေနဲ့ မပံ့ပိုးနိုင်သေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ လှူဒါန်းမယ့်၊ အကူအညီပေးမယ့် အဖွဲ့အစည်းတွေလည်း မရှိသေးဘူးလို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှာ သြဂုတ် ၁ ရက်နေ့ကစပြီး ရေမြုပ်ခဲ့တဲ့ လယ်ဧကပေါင်း ၂၇၄,၀၀၀ ကျော်ရှိပြီး သြဂုတ် ၃၁ ရက် နေ့အထိ ရေနစ်မြုပ်နေဆဲ လယ်ဧက ၁၆၀,၀၀၀ ကျော် ရှိပါတယ်။

ရေအများဆုံးနစ်မြုပ်ခဲ့တဲ့ လယ်တွေကတော့ ပုသိမ်ခရိုင်ထဲက လယ်တွေ ဖြစ်ပါတယ်။ ဧကပေါင်း ၁၆၆,၀၀၀ ကျော်ရှိပြီး ဧက ၁၃၀,၀၀၀ ကျော်က နစ်မြုပ်နေဆဲ ဖြစ်ပါတယ်။

ပုသိမ်မြို့နယ်နဲ့ ကန်ကြီးထောင့်မြို့နယ်တွေက လယ်တွေ ရေနစ်မြုပ်တာ အများဆုံး ခံခဲ့ရပါတယ်။ ငပုတော မြို့နယ်ထဲမှာ ဧက ၂၀ ကမ်းပြိုသွားခဲ့ပြီး ၇ ဧကလောက် သဲဖုံးသွားခဲ့ပါတယ်။

မအူပင်ခရိုင် ပန်းတနော်၊ ညောင်တုံးနဲ့ ဓနုဖြူက လယ် ဧက ၂ သောင်းကျော်   ဟာလည်း ရေနစ်မြုပ်နေပါတယ်။ မြောင်းမြခရိုင် အိမ်မဲမြို့နယ်မှာ ဧက ၉၀၀ နီးပါး  နစ်မြုပ်နေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်တဲ့ စာရင်းမှာဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းမှာ ဒီနေ့အထိ ၈၀ ရာခိုင်နှုန်းလောက် ရေပြန်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013