DVB Logo
Home
မြန်မာသတင်း
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တရားလိုပြသက်သေ ဒုရဲအုပ်ကိုစစ်ဆေး
DVB
·
December 19, 2018
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တရားလိုပြသက်သေ ဒုရဲအုပ်ကိုစစ်ဆေး
Donate to DVB

ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆ (ဃ)နဲ့ တရားစွဲခံ​နေရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုမှာ တရားလိုပြသက်သေ ဒုရဲအုပ်နိုင်မိုးအေးကို ဒီဇင်ဘာ ၁၈ ရက်က  မန္တလေး မဟာ​အောင်​​မြေမြို့နယ် တရားရုံးမှာ စစ်​​ဆေးပါတယ်​။

ကိုဆွေဝင်းရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်က “ဒီနေ့က တရားလိုကို အပြီးစစ်တာပါ။ အမှုက ရိုးရိုးလေးပါ။ ဖြစ်စဉ်အမှန်ကလည်း ရိုးရိုးလေးပါပဲ။ ဖြစ်စဉ်အမှန်အပေါ်ပဲ ကျမတို့က စစ်တယ်၊ ရဲကတော့ သူအမှုစစ်အဖြစ်နဲ့ ဆောင်ရွက်ခဲ့စဉ်က အခြေအနေတွေကို ထွက်ဆိုသွားတာပါ” လို့ ပြောပါတယ်​။

တရားလိုပြသက်သေ ဒုရဲအုပ်​နိုင်​မိုး​အေးဟာ အမှုစတင်ဖွင့်တဲ့အချိန်က အမှုစစ်အဖြစ် ပါဝင်ခဲ့သူဖြစ်​ပေမယ့် အမှုစတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းအစကို လုံးဝသိရှိခြင်း မရှိကြောင်း မဟာ​အောင်​​မြေတရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်​။

Myanmar Now အယ်ဒီတာချုပ် ကို​ဆွေဝင်းက “ခုစစ်တဲ့ ရဲက အမှုဖြစ်ရတဲ့ အကြောင်းအရင်း အစဖြစ်တဲ့ ဦးကိုနီ အသတ်ခံရမှုမှာ ဆရာတော် ဦးဝီရသူက သတ်တဲ့ ကြည်လင်းကို ကျေးဇူးတင်ကြောင်း ပြောတယ်ဆိုတာ မသိဘူးတဲ့ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အခြေအနေကို သိလိုက်ရတာပါပဲ”လို့ ​ ပြောပါတယ်​။

နောက်တပတ်ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ်ကျန်ရှိနေ​သေးတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဆရာတော်ဦးဝီရသူ၊  မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်နဲ့အတူ ရပ်ကွက်မှူး ကိုကျော်စွာထွန်းတို့ကို သက်သေလာရောက်ထွက်ဆိုပေးဖို့ တရားရုံးတော်က ဆင့်ခေါ်သွားမှာလည်း ဖြစ်​ပါတယ်​။

ကျန်​ရှိ​နေတဲ့ တရားလိုပြသက်​​သေ ၄ ဦးကို စစ်ဆေးဖို့ လာမယ့် ဇန်​နဝါရီ ၂ ရက်နဲ့ ၃ နေ့တွေမှာ ရုံးချိန်း ပြန်​လည်​ချိန်းဆိုထားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013