DVB Logo
Home
မြန်မာသတင်း
မြန်မာမှုအငွေ့အသက်တွေနဲ့ ရှုစားကြရမယ့် ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ရုပ်ရှင်(နမူနာ)
DVB
·
December 19, 2018
မြန်မာမှုအငွေ့အသက်တွေနဲ့ ရှုစားကြရမယ့် ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ရုပ်ရှင်(နမူနာ)
Donate to DVB

မြန်မာရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ရုပ်ရှင်ကားတကားဖြစ်တဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ကားကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ ရုံတင်ပြသတော့မှာပါ။

ဒီကားကိုတော့ မြို့ရွှေမန်းသားရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ကိုးဆယ်ဆသာ လိမ့်မယ်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မောင်ယဉ်အောင်က ဇာတ်လမ်း ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားပါတယ်။

ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်၊ ဆေးတက္ကသိုလ် မန္တလေးရဲ့ ရွှေရတုအ ခမ်းအနားမှာ တင်ဆက်ခဲ့တဲ့ ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန်တယောက်ရဲ့ သစ္စာတရားကို အဓိကထားပြီး ပုံဖော်ရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ ပုဂံနဲ့ မန္တလေးဝန်းကျင် ရှုခင်းအလှအပတွေနဲ့အတူ ဇာတ်ကောင် တွေရဲ့ အချစ်နဲ့ မာန၊ ပညာနဲ့ ငွေ၊ နာကျည်းမှုနဲ့ သစ္စာတရားတွေရဲ့ အားပြိုင်မှုတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ ရဲ အောင်၊ ဖိုးချစ်၊ အလင်းရောင်၊ ထွန်းအိန္ဒြာဗို၊ အေးမြတ်သူ၊ ရတနာဗို၊ ချိုပြုံး၊ မေသန်းနု၊ မေသဉ္ဇာဦးတို့နဲ့အတူ လူမင်းကလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။

မြန်မာမှုအငွေ့အသက်တွေနဲ့ ဒရာမာရုပ်ရှင်ကားတကားအဖြစ် ရှုစားကြရမယ့် ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုပ်ရုံမှာ ပြုလုပ်ခဲ့တာပါ။

ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တဲ့ နောင်တွင်ဥ ဒါန်းတွင်စေသတည်း ရုပ်ရှင်ကား Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော်နေခဲ့ပြီ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013