DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာအဆင့်မီ အချောထည်အဖြစ်ထုတ်လုပ်ရောင်းချမည်
DVB
·
December 18, 2018
မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာအဆင့်မီ အချောထည်အဖြစ်ထုတ်လုပ်ရောင်းချမည်
Donate to DVB

မြန်မာနိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာတွေကို နိုင်ငံတကာအဆင့်မီ အချောထည် အဖြစ်ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်ရရှိဖို့ ကျောက်မျက်ရတနာပြပွဲ ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရဲ့ ဒုဥက္ကဋ္ဌ(၄)ဒေါ်မြင့်သက်နိုင်က ပြောပါတယ်။

ရန်ကုန်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲအတွက် သတင်း မီဒီယာတွေ့ဆုံပွဲကို မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး အခုလိုပြောဆိုခဲ့တာပါ။

နိုင်ငံတကာက မြန်မာ့ကျောက်မျက်ရတနာတွေကို အကြမ်းထည်အနေနဲ့ပဲ စိတ်ဝင်စား ၀ယ်ယူမှုများနေတဲ့အပေါ် ကျောက်မျက်အချောထည်တွေကို နိုင်ငံတကာအဆင့်မီထုတ်လုပ်ပြီး ပြည်ပဈေးကွက်ကို ရောင်းချဖို့အတွက် ပြပွဲတွေကျင်းပတာလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံကထွက်ရှိတဲ့ ကျောက်မျက်ရတနာတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာပဲ နိုင်ငံတကာအဆင့်မီ ကျောက်မျက်အချောထည်ဈေးကွက် ရာနှုန်းပြည့်ဖြစ်ထွန်းဖို့အတွက်ကို အန်တီတို့ကနေပြီး ဒီရည်ရွယ်ချက်နဲ့ ကျောက်မျက်ပြပွဲကို လုပ်ရခြင်းဖြစ်ပါတယ်’လို့ ဒေါ်မြင့်သက်နိုင် က ပြောပါတယ်။

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ပြပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၁၃ ရက်နေ့ အထိ Lotte ဟိုတယ်မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာက ကျောက်မျက်ရတနာ ကုန်သည်တွေ ၀ယ်ယူလို့ရအောင် အသေးစားလေလံပြပွဲတခုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ပြပွဲမှာ ဆိုင်ခန်းပေါင်း ၁၀၀ ဆကျာ်မှာ ကျောက်မျက်အတွဲပေါင်း ၁၀၀ ခန့် ပါဝင်ရောင်းချမှာ ဖြစ်သလို တန်းဖိုးနည်းနဲ့ တန်ဖိုးမြင့်ကျောက်မျက်ရတနာတွေ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013