DVB Logo
Home
မြန်မာသတင်း
လစာတိုးပေးရေး လှိုင်သာယာအလုပ်သမားများ တောင်းဆို
DVB
·
September 7, 2012
လစာတိုးပေးရေး လှိုင်သာယာအလုပ်သမားများ တောင်းဆို
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၄ က မြူးနဲ့ဇူး (myue & sue) အထည်ချုပ်စက်ရုံက  အလုပ်သမား ၁၀၀၀ ကျော်ဟာ အခြေခံလစာတိုးမြှင့်ပေးရေးအတွက် အလုပ်သမားရုံးကို သွားရောက်ပြီး ကူညီဖြေရှင်းပေးဖို့ တင်ပြကြပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၄ ကနေ ၃ မိုင်ကျော်ခန့်ဝေးတဲ့ မရမ်းကုန်မြို့နယ်က အလုပ်သမားရုံးဆီကို ချီတက်သွားကြတာဖြစ်ပြီး အလုပ်သမားအများစုက အမျိုးသမီးတွေဖြစ်ကြပါတယ်။

သူတို့ရဲ့ အခြေခံလစာ နည်းပါမှုနဲ့ အလုပ် အချိန်ပိုဆင်းရချိန်များမှု အပါအ၀င် အချက် ၂၈ ချက် တောင်းဆိုတာလို့ ချီတက်ဆန္ဒပြခဲ့တဲ့ အလုပ်သမား ကိုနိုင်ဝေလင်းက ပြောပါတယ်။

“အခြေခံလစာတိုးပေးဖို့ပဲ၊ အချိန်ပိုကြေး မလျှော့ဖို့၊ အချိန်ကို ပုံမှန်လေးလုပ်ပေး။ ဘာလို့လဲဆိုတော့ တချို့က မြောက်ဥက္ကလာက လာဆင်းရတဲ့လူတွေလည်း ရှိတယ်။ အဝေးကြီးက လာဆင်းရတဲ့သူတွေရှိတယ်။ အဲအချက် ၃ ချက်။ အခြေခံလစာကို ၆ သောင်းလောက်တိုးပေး၊ သူများစက်ရုံတွေမှာ တလ ထုတ်ရင် ၉ သောင်း၊ ၁ သိန်းကျော် အဲလိုရတာ။ ကျနော်တို့ စက်ရုံမှာ ထုတ်ရင် ၅ သောင်းကနေ ၇ သောင်းအထိပဲ ရတာ။ တချို့နှစ်ကြီးသမားတွေတောင် ၈ သောင်းကျော် ၉ သောင်းပဲရတာ။ ၁၂ နှစ် လုပ်သက်သမားတွေ။”

ဒါ့အပြင် အလုပ်ရှင်ဘက်က အချိန်ပိုဖြုတ်လိုက်တဲ့အတွက် လစာလျော့နည်းသွားပြီး စားဝတ်နေရေး အဆင်မပြေတော့ဘူးလို့ သူက ပြောပါတယ်။

ဧပြီနဲ့ မေလတုန်းက လှိုင်သာယာစက်မှုဇုန် စက်ရုံတွေ ဆန္ဒပြကြချိန်မှာ အလုပ်ရှင်က လစာတိုးပေးမယ်ဆိုတဲ့ ကတိကြောင့် ဆန္ဒ္ဒမပြဘဲ နေခဲ့ကြပေမယ့် အခုချိန်ထိ လစာ မတိုးပေးတဲ့အတွက် အလုပ်သမားရုံးအထိ စုဝေးသွားရောက်ပြီး တင်ပြကြတာလို့ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် မလှလှဝင်းက ပြောပါတယ်။

“သူတို့စက်ရုံလည်း ဟိုအရင် အလုပ်သမားတွေ ဆန္ဒပြကတည်းက ပါဖို့ စဉ်းစားသေးတယ်တဲ့။ အဲတုန်းက လစာတိုးပေးပါမယ် ဆန္ဒမပြပါနဲ့ဆိုပြီး ချော့ထားတယ်တဲ့။ ပြီးတော့ အချိန်ဆွဲလာတာ အရမ်းကြာနေပြီတဲ့။ စက်ရုံထဲမှာဆိုရင် အလုပ်ရှင်က တခြားဖိနှိပ်တာတွေရှိမှာစိုးလို့ အလုပ်သမားရုံးထိ လာပြီး ဆန္ဒပြတာတဲ့။”

အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတွေ တင်ပြတောင်းဆိုတဲ့ကိစ္စကို စက်ရုံနဲ့ ပြေလည်အောင် ညှိနှိုင်းပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

လှိုင်သာယာစက်မှုဇုန်က အလုပ်သမားတွေဟာ သူတို့ရဲ့ လုပ်ခလစာ တိုးမြင့်ရေး အလုပ်သမား အခွင့်အရေးပေးဖို့ ဧပြီနဲ့ မေလတွေမှာ ဆန္ဒပြခဲ့ကြပြီး အလုပ်သမားအရေး ကူညီသူတွေနဲ့ အလုပ်သမားဝန်ကြီးဌာနက ၀င်ရောက် ဖြေရှင်းပေးခဲ့လို့ ပြေလည်ခဲ့ကြပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/hlaing thar yar/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013