DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ မသန်စွမ်းသူ ၁၅၀ ဦးအတွက် ထောက်ပံ့ငွေပေးအပ်  
DVB
·
December 18, 2018
ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ မသန်စွမ်းသူ ၁၅၀ ဦးအတွက် ထောက်ပံ့ငွေပေးအပ်  
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာရှိတဲ့ မသန်စွမ်းသူ ၁၅၀ ဦးအတွက်  ထောက်ပံ့ငွေ ကျပ် ၄၅ သိန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးအပ်လိုက်ပါတယ်။

တနိုင်းမြို့ပေါ် ၆ရပ်ကွက်၊ မကောအုပ်စု၊ တိန်ကောက်အုပ်စုနဲ့  ကောင်ရာအုပ်စုတွေမှာရှိတဲ့ မသန်စွမ်းသူ စုစုပေါင်း ၁၅၀ဦးကို အတွက် တဦးကို ကျပ် ၃၀၀၀၀စီနဲ့ စုစုပေါင်း ၄၅ သိန်းကျပ်ကို ဒီဇင်ဘာ ၁၇ ရက်က ကူညီထောက်ပံ့ပေးခဲ့တာပါ။

ကချင်ပြည်နယ် တနိုင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)  လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက "ရှင်ဗွေယန်မြို့ပေါ် ၄ရပ်ကွက် မပါဘူး။  တရုံကျေးရွာအုပ်စုမပါဘူး။ ခလုံး အုပ်စုမပါဘူး။ ဒါပေမဲ့ ကျနော့်မဲဆန္ဒနယ်က ပါတယ်။ တဦးကို ကျပ်သုံးသောင်းဆိုတော့ နည်းတယ်။ ဒါပေမဲ့ လာမယ့်နှစ်တွေမှာတော့ ဒီနှစ်ထက်ပို ထောက်ပံ့ကြေးရအောင် ကြိုးစားရမယ်"လို့ ပြောပါတယ်။

ထောက်ပံ့ငွေပေးအပ်တဲ့ မသန်စွမ်းသူတွေထဲမှာ ကလေး၊ လူကြီး၊ အမျိုးသမီး၊ အမျိုးသား၊  စစ်ရှောင်၊ မတော်တဆကြောင့်ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ မွေးရာပါကိုယ်ခန္ဓာ မသန်စွမ်းသူတွေနဲ့ ဆေးဝါးကုသမှုကြောင့် ခန္ဓာကိုယ် မသန်စွမ်းသူတွေ အားလုံးပါဝင်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနက တနိုင်းမြို့နယ်မှာရှိတဲ့ မသန်စွမ်းသူတွေကို ခုလိုလာရောက် ထောက်ပံ့ပေးတာဟာ ခုအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Photo-ဦးဇော်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013