DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့သန့်ရှင်းရေးအတွက် အမှိုက်ပုံးများ ချပေးနေ
DVB
·
December 18, 2018
ပခုက္ကူမြို့သန့်ရှင်းရေးအတွက် အမှိုက်ပုံးများ ချပေးနေ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ စည်ပင်သာယာအနေနဲ့ မြို့သန့်ရှင်းအတွက် ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်ကျင့်သုံးနေတဲ့အပြင် စနစ်တကျရှိတဲ့ အမှိုက်ပုံးတွေကို မြို့ပေါ်ရပ်ကွက်တွေမှာ ချပေးနေပါတယ်။

ပခုက္ကူခရိုင် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်ကြိုင်က “လောလောဆယ် မြို့ပေါ်မှာ ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်နဲ့ အမှိုက်သိမ်းနေတာ ကား ၈ စီးရှိပါတယ်။ ကားက ၁၂ စီးရှိပေမယ့် ယာဉ်မောင်း အခက်အခဲနဲ့မို့ ၈ စီးပဲ ထွက်နိုင်တယ်။ အဲဒီလို အခက်အခဲကိုပြေလည်နိုင်စေဖို့ ဂါးဗားတန့်ကယ်ယီယာလို့ခေါ်တဲ့ ကရိန်းကားနဲ့ ဒီအမှိုက်ကန် တွေကို လိုက်ချပေးထားတာပေါ့။ အမှိုက်ကားမဝင်နိုင်တဲ့နေရာတွေမှာ ဒီလိုအမှိုက်ကန်တွေကို ချထားပေးပါတယ်။ ၃၂ လုံးချထားဖို့ ရှိပါတယ်။ ၂၈ လုံး ချထားပြီးပါပြီ။”လို့ ပြောပါတယ်။

ခုချထားပေးတဲ့ အမှိုက်ပုံးတွေက လာရောက်သယ်ယူဖို့ လွယ်ကူသလို၊ အဖုံးတွေ ပါတာကြောင့် ပတ်ဝန်ကျင်အနေနဲ့ အမှိုက်ပုံကနေထွက်တဲ့ အနံ့ဆိုးအတွက်လည်း သက်သာစေ ပါတယ်။

အခုလိုအမှိုက်ကန်တွေ ချထားပေးတာက ပြည်သူတွေအတွက် အဆင်ပြေပြီး ပတ်ဝန်းကျင် ပြည်သူတွေကလည်း သန့်ရှင်းမှုရှိအောင် ကူညီစောင့်ရှောက်ပေးကြတယ်လို့ ပခုက္ကူမြို့ အမှတ် (၁၀) ရပ်ကွက်နေ ဦးသောင်းညွှန့်က ပြောပါတယ်။

“အဆင်ပြေပါတယ်။ ပြည်သူတွေကလည်း ပစ်တယ်။ ပြည့်လွန်းရင်တော့ အောက်မှာပုံကြတယ်။ သိရင်တော့ အပုံမခံပါဘူး၊ ဒါဆို အကိုတို့လည်း ကူပေးတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်တယ်ခင်ဗျ။ သက်ဆိုင်ရာကရော သယ်တာပစ်တာအခြေအနေကရော အချိန်မှီလာရဲ့လား၊ လာတယ်ဗျ၊ လာတယ်။ လာတယ် ပြည့်ပြီဆို လာတယ်”လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်စည်ပင်သာယာရေးအဖွဲ့ အနေနဲ့ မနက် ၃ နာရီလောက်ကတည်းက အမှိုက် သိမ်းမှုစတင်နေပြီး ပြည်သူတွေအနေနဲ့ သန့်ရှင်းသာယာစေဖို့ အမှိုက်ကန်တွေမှာ အမှိုက်စနစ်တကျ ပစ်ပေးကြဖို့ ပန်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013