DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် တကိုယ်တော်ခရီးရှည်လမ်းလျှောက်သူ ကျောက်ဖြူမြို့နယ် ရောက်ရှိ
DVB
·
December 18, 2018
ငြိမ်းချမ်းရေးအတွက် တကိုယ်တော်ခရီးရှည်လမ်းလျှောက်သူ ကျောက်ဖြူမြို့နယ် ရောက်ရှိ
Donate to DVB

ငြိမ်းချမ်းရေးမှာ ပြည်သူတွေ ပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်ပြီး ပြည်မြို့ကနေ တကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖော်သူ ကိုစိုးဝေဟာ ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့နယ်ကို ရောက်ရှိလာပါတယ်။

ပြည်တွင်းစစ်ဟာ နှစ်ပေါင်း ၇၀ ကျော်ရှိနေပြီး ငြိမ်းချမ်းရေးရဖို့ ၂၁ ရာစု ပင်လုံညီလာခံမှာ ကြိုးစားနေကြတာသုံးကြိမ်ကျော်သွားပြီဖြစ်ပေမယ့် အောင်မြင်မှု မရသေးလို့ ပြည်သူတွေ ပါဝင်လာအောင်နှိုးဆော်တဲ့ အနေနဲပ အခုလို လမ်းလျှောက်ဖြစ်ခဲ့တာလို့  တကိုယ်တော် လမ်းလျောက်သူ ကိုစိုးဝေကပြောပါတယ်။

“ငြိမ်းချမ်းရေးဆိုတဲ့ပန်းတိုင်က ၀ါးတားတားပဲရှိသေးတယ်၊ ဒီငြိမ်းချမ်းရေးပွဲကြီး (၂၁) ရာစုပင်လုံညီလာခံဆိုတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးသာ လွဲချော်သွားခဲ့ရင် ပန်းတိုင်ကို မရောက်ခဲ့ရင် ကျနော်တို့ တိုင်းပြည်ဟာပြာပုံဖြစ်တော့မယ်ဆိုတော့ ဒီငြိမ်းချမ်းရေးအောင်မြင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအောင်မြင်ဖို့အတွက်ကို ပြည်သူတွေပါဝင်မှ ပြည်သူတွေပူးပေါင်းမှ ဒီပွဲကြီးဟာ အောင်မယ်လို့ ယူဆလို့ ပြည်သူတွေပါဝင်အောင် နိုးဆော်တဲ့သဘောနဲ့ လာခဲ့တာ”

ကိုစိုးဝေဟာ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က ပြည်မြို့ကနေစတင်ပြီး ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံရှိ မြို့နယ်တွေကို ဖြတ်ပြီး  တကိုယ်တော်လမ်းလျှောက်လာခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူမြို့ကို ဒီဇင်ဘာ ၁၄ ရက်က ရောက်ရှိလာကာ ကျောက်ဖြူမြို့နယ်မှာ လှည့်လည်ပြီး မြန်မာနိုင်ငံတော်အလံကို ကိုင်ဆောင်ကာ ငြိမ်းချမ်းပါစေ မြန်မာပြည်ဆိုတဲ့ စာသားကို ရွက်ဆို လမ်းလျှောက်နေတာဖြစ်ပါတယ်။

သတင်း-နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013