DVB Logo
Home
မြန်မာသတင်း
ထန်းတပင်နှင့် လှည်းကူးတွင် စက်မှုဇုန်ကြီး၂ ခုတည်ဆောက်ရန် လွှတ်တော်တင်ပြ
DVB
·
December 18, 2018
ထန်းတပင်နှင့် လှည်းကူးတွင် စက်မှုဇုန်ကြီး၂ ခုတည်ဆောက်ရန် လွှတ်တော်တင်ပြ
Donate to DVB

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်နဲ့ လှည်းကူးမြို့နယ်တို့မှာ ဧက ၁၀၀၀ ကျော်စီရှိတဲ့ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်ကြီးတွေလုပ်ဖို့ ရှိတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေး ၃ ရက်ကျင်းပပြီး လွှတ်တော် နားချိန်မှာ ရန်ကုန်တိုင်းဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး ဦးစီးတဲ့ စက်မှုဇုန်တည်ဆောက်ရေးအဖွဲ့ ကနေ ထန်းတပင်မြို့နယ်နဲ့ လှည်းကူးမြို့နယ်တို့မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန် ၂ ခု တည်ဆောက်ဖို့ တင်ပြခဲ့တာပါ။

“ထန်းတပင်မြို့နယ်မှာ ဧကတထောင်ကျော် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်ထောင်ဖို့ အတွက် Developer ကုမ္ပဏီပါလာတယ်။ သူကတော့ ထိုင်ဝမ်ကပေါ့။ ထိုင်ဝမ်က ကုမ္ပဏီ ဖြစ်တယ်။ သို့သော်လည်း သူက ထိုင်ဝမ်က ကုမ္ပဏီဖြစ်ပေမယ့် တရုတ်တနိုင်ငံတည်း မူဝါဒအရ ကုမ္ပဏီ နာမည်ကိုပြောင်းပြီးတော့ Myanmar Golden Investment ကုမ္ပဏီဆိုပြီးတော့ သူလုပ်ချင်တယ် ပေါ့နော်။ အသေးစိတ်လာတင်ပြတယ်။ ’’လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ထန်းတပင်မြို့နယ်မှာ တည်ဆောက်မယ့် နိုင်ငံတကာစက်မှုဇုန်ကို ထိုင်ဝမ်ကုမ္ပဏီက တည်ဆောက်မှာဖြစ်ပြီး လှည်းကူးမြို့နယ်က စက်မှုဇုန်ကိုတော့ စင်ကာပူနိုင်ငံက ကုမ္ပဏီက လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်မြို့ စည်ပင်နယ်နိမိတ် ပြင်ပမြို့ကြီး (၁၁)မြို့မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်ကြီးတွေ တည်ဆောက်ဖို့ အစိုးရက စီစဉ်နေတဲ့အထဲမှာ ထန်တပင်မြို့နယ်နဲ့ လှည်းကူးမြို့နယ်ကတော့ ရင်းနှီးမြှုပ်နှံသူတွေရှိတာကြောင့် အရင်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက ဖွံ့ဖြိုးမှုနည်းတဲ့ မြို့နယ်၁၁ ခုမှာ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်၁၁ ခု တည်ထောင်မယ့် စီမံကိန်းကို ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ဇွန်လ ၅ရက်နေ့က တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးထားကြပါတယ်။

စက်မှုဇုန်တွေကို ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်မြို့နယ်တို့က မြေဧက ၁၂၃၀၀ ကျော်ပေါ်မှာ အကောင်အထည်ဖော်ဖို့  လျာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013