DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ ၁ ဦးဒဏ်ရာရ
DVB
·
December 18, 2018
မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ၍ ၁ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ နယ်စပ်လုံခြုံရေးကင်းလှည့်နေတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး  ရဲတပ်သား တဦးဒဏ်ရာရ သွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒီဇင်ဘာ ၁၇ ညနေ ၃ နာရီ ၁၅ မိနစ်လောက်က မောင်တောမြို့နယ် နယ်မြေ(၂) နယ်စပ်ခြံစည်းရိုး မှတ်တိုင် ၄၁နဲ့ ၄၂ အကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ နယ်စပ်ခြံစည်းရိုး လုံခြုံရေးလှည့်ကင်းဆောင်ရွက်စဉ် ခြံစည်းရိုးတဖက်ခြမ်း တဖက်နိုင်ငံဘက်ခြမ်းက စိစစ်ဆဲအဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ချောင်းမြောင်းပစ်ခတ်မှုကို မြန်မာနယ်ခြားစောင့်ရဲတွေက ပြန်လည်ခုခံ ပစ်ခတ်တိုက်ခိုက်ခဲ့ ရပြီး ဖြစ်စဉ်နေရာကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အား ထပ်မံဖြည့်တင်း ပစ်ကူပေးဆောင်ရွက် ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လတ်တလော ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားတဦး ဝဲနောက်ကျောမှ ကျည်ဖောက်ဝင်ကာ ရှေ့ဝမ်းဗိုက်ဝဲဘက် ဖောက်ထွက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိထားတယ်လို့ အစိုးရသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဘယ်လက်နက်ကိုင်အဖွဲ့က ခုလို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဆိုတာကို တော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။

ခုလိုပစ်ခတ်မှုတွေဖြစ်ပွားနေချိန်ဟာ အာဆီယံအတွင်းရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့ဟာ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းကို မနေ့က သွားရောက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့လို့  စစ်ဘေးရှောင်ပြည်သူ ၃၃၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013