DVB Logo
Home
မြန်မာသတင်း
ပုပ္ပါးတောင် ထိန်းသိမ်းရေး ဖွဲ့စည်း
DVB
·
September 6, 2012
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသက ပုပ္ပါးတောင်မှာ ပုပ္ပါးတောင်ချစ်သူများအသင်း ဖွဲ့စည်းပြီး ပုပ္ပါးတောင် ထိန်းသိမ်းရေး လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးထဲက ပုပ္ပါးတောင်မှာ သစ်ခုတ်တာတွေ၊ ဘိလပ်မြေအစားထိုး ကျောက် ထုတ်လုပ်နေတာတွေ ရှိတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်တွေ ထိခိုက်နေတာကြောင့် ဒေသခံတွေ စုပေါင်းပြီးဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီအသင်းမှာ ပုပ္ပါးတောင်အနီးက ဒေသခံတွေ၊ ကျောက်ပန်းတောင်းမြို့မှာ ရှိတဲ့ လူမှုအခြေပြု အဖွဲ့စည်းတွေရော ပူးပေါင်းပါဝင်ကြတာပါ။

ပုပ္ပါးတောင်ဒေသတ၀ိုက် သဘာဝပတ်ဝန်းကျင် ပျက်စီးနေရတာနဲ့ ပတ်သက်ပြီး ကျောက်ပန်းတောင်း ဒေသခံ ကိုအေးခိုင်က အခုလိုပြောပါတယ်။

“ပုပ္ပါးတောင်မှာ ဖြစ်နေတာတွေက လက်ဖက်စိုက်ခင်း ဧက ၅၀၀ ရှိတယ်။ လက်ဖက်စိုက်ခင်း ဧက ၅၀၀ ကို ကာကွယ်ချင်တယ်။ ကျောက်မှုန့်ထုတ်တဲ့ ကိစ္စကလည်း ပုပ္ပါးတောင်ကြီးကို တူးပြီး ထုတ်နေတယ်။ နောက် သစ်တောတွေလည်း မတရားကို ခုတ်နေတဲ့အတွက်ကြောင့် ပုပ္ပါးတောင်မှာရှိတဲ့ ရေထွက်တွေ ၁၀၀ ကျော်ကနေ ၃၀ ကျော်ပဲ ရှိတော့တယ်။ ဒါကိုလည်း ကာကွယ်ချင်တယ်။ နောက် ပုပ္ပါးတောင်မှာရှိတဲ့ ကျွန်းတွေကိုလည်း တော်တော်များများကို ခုတ်နေကြတယ်။ ပုပ္ပါးကျွန်းဆိုတာက ကမ္ဘာမှာ နာမည်အကြီးဆုံး ကျွန်းလို့ ပြောတယ်။ ဒါကိုလည်း ကာကွယ်ချင်တယ်။ သစ်တောတွေကိုလည်း ထပ် ဖြုန်းတီးဖို့ လုပ်နေကြတယ်။”

ပုပ္ပါးတောင်ချစ်သူများအဖွဲ့အနေနဲ့လည်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းဖို့နဲ့ ပတ်သက်ပြီးဒေသခံတွေကို အဓိကထား စည်းရုံးသွားမယ်လို့လည်း ကိုအေးခိုင်က ပြောဆိုသွား ပါတယ်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပုပ္ပါးနယ်မြေအတွင်းမှာရှိတဲ့ ရွာတွေကို စည်းရုံးတဲ့သဘော၊ ထင်းမခုတ်ဖို့၊ စတင် စီစဉ်မယ်ပေါ့။ နောက် ဖိုဇိုလန်(ကျောက်မှုန့်)နဲ့ လက်ဖက်စိုက်ခင်း တားဖို့အတွက် အစီအစဉ်တွေ ဆွဲနေတယ်။ ဒီအဖွဲ့အစည်းအနေနဲ့ တရားဝင်စာတင်မှာပေါ့။ ရွာတွေသွားပြီးတော့ ရွာကလူထု သဘောပေါက်အောင် နားလည်အောင်လို့ ဆွေးနွေးပွဲတွေ လုပ်ကြမယ်။ ဒါတွေက ဒီတပတ်က စလုပ်တော့မှာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013