
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၆၄၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၈၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ မတ်ပဲက တအိတ်ကို ၆၀၀၀၀ ကနေ ၆၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁၁၄၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲတီစိမ်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာ ပဲတီစိမ်းတအိတ်ကို ၉၀၀၀၀ ကနေ ၁၁၀၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၁၂၅၀၀ ကနေ ၁၁၄၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၄၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအသစ်က တအိတ်ကို ၆၇၅၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၆၅၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူနဲ့ အောင်လံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူတအိတ်ကို ၁၆၅၀၀၀ ကနေ ၁၇၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၇၁၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၂၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုတအိတ်ကို ၁၆၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိပါ။ မြင်းခြံကုန်စည်ဒိုင်မှာ နှမ်းညိုတအိတ်ကို ၁၅၉၇၅၀ ပေါက်ဈေးရှိပြီး ၁၁၂၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၂၂၅၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ကြက်သွန်နီ
မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၅၀၀ ကနေ ၇၅၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိသာကို ၅၀၀ ကနေ ၇၃၅ ပေါက်ဈေးရှိပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁၅ ကျပ် ဈေးကွာခြားမှုရှိပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











