DVB Logo
Home
မြန်မာသတင်း
စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် ရခိုင်ကိစ္စ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
DVB
·
December 17, 2018
စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် ရခိုင်ကိစ္စ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
Donate to DVB

တရုတ်-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ ရခိုင်အရေးကိစ္စတွေ ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့  လာအိုနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပါတယ်။

စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့သို့ ရောက်ရှိနေစဉ် မနေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက ကူညီပံ့ပိုးမှုဆိုင်ရာ ကိစ္စရပ်၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်၊ အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (OBOR) အောက်မှ အကောင်အထည်ဖေါ်မည့် အခြေခံအဆောက်အဦ စီမံကိန်းများဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာပြည်သူတွေအကျိုးရှိစေမယ့် စီမံကိန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ ကုလသမဂ္ဂ မျက်နှာစာမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအပြင်  ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှု ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို  လာအို နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းတဲ့ ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ပါတယ်။

မဲခေါင်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့ပြီး  အဖွဲ့ဝင်တွေအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။
ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013