
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ လမ်းသွယ် ၃ က နေအိမ် တအိမ်မှာ ဒီမနက် ၃ နာရီကျော်က မီးအားမြှင့်စက်ကနေ အပူလွန်ကဲ မီးလောင်ခဲ့ပါတယ်။
ချိုချဉ်တွေ သိုလှောင်ထားတဲ့ RC လေးထပ် လူနေအဆောက်အဦကနေ မီးအားမြှင့်စက် အပူလွန်ကဲပြီး ချိုချဉ်တွေထည့်ထားတဲ့ ဂျက်ဖာတွေကို မီးကူးစက်လောင်ကျွမ်းပြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
လေးထပ်အဆောက်အဦရဲ့ အပေါ်ထပ်နဲ့အောက်ထပ် မီးလောင်ကျွမ်းခဲ့ရာမှာ ကျပ် ၃၅ သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မန်နေဂျာ ဒေါ်ကြည်လွင်ကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။











