DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ စွမ်းဆောင်နိုင်မှုအဆင့် ခွဲခြားသတ်မှတ်မှု စတင်လုပ်ဆောင်
DVB
·
December 17, 2018
မသန်စွမ်းသူများ စွမ်းဆောင်နိုင်မှုအဆင့် ခွဲခြားသတ်မှတ်မှု စတင်လုပ်ဆောင်
Donate to DVB

မြန်မာနိုင်ငံ မသန်စွမ်းသူတွေအတွက် လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတာက မသန်စွမ်းသူများထဲကမှ စွမ်းဆောင်နိုင်မှု အဆင့်ခွဲခြားသတ်မှတ်ခြင်း လုပ်ငန်းဖြစ်ပြီး စတင်ဆောင်ရွက်နေပြီလို့ လူကယ်ပြန်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မြို့တော်ခန်းမမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ သက်ကြီးဘိုးဘွားတွေ၊ မသန်စွမ်းသူတွေအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားမှာ  ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ခုလို ပြောကြားလိုက်ပါတယ်။

"ကျနော်တို့ ဌာနအနေနဲ့ မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး အရေးတကြီး လုပ်ဖို့ ကျန်သေးတာကတော့ မသန်စွမ်းသူများ အဆင့်ခွဲခြားသတ်မှတ်ရေး မလုပ်နိုင်ပါဘူး။ ဒါပေမယ့် စတင်ဆောင်ရွက်နေပါပြီ။ အဲ့လို မသန်စွမ်းအဆင့် ခွဲခြားလိုက်လို့ရှိရင် မသန်သော်လည်း စွမ်းတဲ့ အထဲက စွမ်းနိုင်မှုအဆင့်ကို ခွဲခြားသတ်မှတ်ပြီး ကျနော်တို့ ပံ့ပိုးပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မသန်စွမ်းဦးရေဟာ များပြားနေပါတယ်။ အဲ့ဒီမသန်စွမ်းသူတွေထဲက စွမ်းဆောင်နိုင်မှုအားကလည်း နိုင်ငံတိုးတက်ရေးမှာ အားတရပ်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စွမ်းနိုင်မှုအဆင့် ခွဲခြားသတ်မှတ်နိုင်ဖို့ လုပ်ငန်းဟာ အရေးတကြီး စတင် လုပ်ဆောင်နေပါပြီ။"

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းသူ အခွင့်အရေးအပြင် မိခင်နဲ့ကလေး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို အခွင့်အရေး၊ အမျိုးသမီးအရေးတွေကိုလည်း လုပ်ဆောင်နေတဲ့အပြင် မသန်စွမ်းသူများအရေးအတွက် ဥပဒေနဲ့ နည်းဥပဒေကိုလည်း ဖော်ဆောင်ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

"မသန်စွမ်းအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ခုဆို အမျိုးသားကော်မတီလည်း ပေါ်ပေါက်နေပြီ။ ဥပဒေ နည်းဥပဒတွေလည်း ရှိနေပြီ။ လုပ်ငန်းကော်မတီလည်း ရှိနေပြီ။ ရန်ပုံငွေ ရရှိရေးအတွက် ရန်ပုံငွေ ထူထောင်ရေးအဖွဲ့လည်း ဖွဲ့ထားပြီးပြီ။ မသန်စွမ်းအခွင့်အရေးတွေကို တိတိကျကျ ဖော်ဆောင်နိုင်တော့မှာပါ" လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများအနေနဲ့ အစိုးရက ဥပဒေ နည်းဥပဒေတွေ ပေါ်ပေါက်လာပေမယ့် ဖော်ဆောင်မှု အားနည်းနေတယ်လို့ မသန်စွမ်းသူများ စောင့်ရှောက်ရေး အရပ်ဘက်အဖွဲ့စည်းတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ မသန်စွမ်းသူများဦးရေဟာ လူဦးရေ သန်း ၅၀ ကျော်အနက် ၂၃ သိန်းကျော် ရှိနေပြီလို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013