DVB Logo
Home
အာရှဒေသ
အိန္ဒိယ ပါလီမန်ထဲမှာ ပွဲဆူစေတဲ့ လာဘ်ပေးလာဘ်ယူမှုကြီး
DVB
·
September 7, 2012
အိန္ဒိယ ပါလီမန်ထဲမှာ ပွဲဆူစေတဲ့ လာဘ်ပေးလာဘ်ယူမှုကြီး
Donate to DVB

ကိုးလ်ဂိတ် လို့ အတိုက်အခံတွေက နာမည်ပေးထားတဲ့ ကျော်မကောင်း ကြားမကောင်း လာဘ်ပေးလာဘ်ယူ ကိစ္စတခုနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရအတွက် အကျပ်ရိုက်စရာ ဖြစ်နေပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ကျောက်မီးသွေးတွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ နိုင်ငံတော် စာရင်းစစ်အဖွဲ့ (စီအေဂျီ)ရဲ့ နောက်ဆုံးဖော်ထုတ်လိုက်တဲ့ အစီရင်ခံစာအရ အစိုးရက ကျောက်မီးသွေးမိုင်းတွေကို ပုဂ္ဂလိက ကျောက်မီးသွေးကုမ္ပဏီလက်ထဲကို ဈေးချိုချိုနဲ့ ထိုးအပ်လိုက်တာကြောင့် တိုင်းပြည်အတွက် ဒေါ်လာ သန်းထောင်ချီပြီး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အတိုက်အခံပါတီတွေကတော့ ၀န်ကြီးချုပ်ကို ချက်ချင်းနုတ်ထွက်ပေးဖို့ တောင်းဆိုနေပါတယ်။ ပါလီမန်ထဲမှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ရက်ပေါင်းအတန်ကြာအောင် အငြင်းအခုံတွေနဲ့ ပွဲဆူနေပါတယ်။

သတင်းထောက် ဘစ်မေလာ ဂီလာနီက နယူးဒေလီကနေ သတင်းဆောင်းပါး ပေးပို့ထားတာကို နားဆင်ကြရမှာပါ။

<iframe width="100%" height="166" scrolling="no" frameborder="no" src="http://w.soundcloud.com/player/?url=http%3A%2F%2Fapi.soundcloud.com%2Ftracks%2F58993281&amp;auto_play=false&amp;show_artwork=true&amp;color=ff7700"></iframe>

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013