DVB Logo
Home
မြန်မာသတင်း
မြစ်သာမြစ် အရှေ့ဘက်ကမ်းရွာများအတွက် သုံးရာသီတံတား ဆောက်ပေးရန် တောင်းဆို
DVB
·
December 17, 2018
မြစ်သာမြစ် အရှေ့ဘက်ကမ်းရွာများအတွက် သုံးရာသီတံတား ဆောက်ပေးရန် တောင်းဆို
1 / 8
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အရှေ့ဘက်ကမ်း ကျေးရွာတွေအတွက် မိုးကာလတွေမှာ မြစ်ကူးဖို့ ခက်ခဲတာကြောင့် အစိုးရအနေနဲ့ သုံးရာသီ အသုံးပြုနိုင်မယ့် တံတားကြီးတစင်း ဆောက်လုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

"မြစ်သာမြစ် အရှေ့ခြမ်းကူးဖို့ ကျနော်တို့ ကိုယ့်အားကိုယ်ကိုး တံတား နှစ်စဉ်တည်ဆောက်ရတယ်။ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် ဝါးခုတ်၊ မျောခုတ်၊ ကပ်ရက် လုပ်ကြတယ်။ မိုးကုန် ရေနည်းတာနဲ့ ကိုယ်တိုင် ဆင်းဆောက်ကြတယ်။ ဒီလိုတံတားမဆောက်ရင် ကူးတို့နဲ့ကူးတာ အဆင်မပြေဘူး။ ဖြစ်နိုင်ရင် နွေမိုးဆောင်း ကူးနိုင်မယ့် တံတားတော့ လိုအပ်လို့ လိုချင်တယ်" လို့ ပေါက်တောရွာက အုက်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ပြောပါတယ်။

ကလေးမြို့ မြစ်သာမြစ် အရှေ့ခြမ်းမှာ ကျေးရွာ ၁၃ ရွာ ရှိတယ်လို့ သိရပြီး အဲ့ဒီဒေသထွက်ကုန်တွေကတော့ ပဲအမျိုးမျိုးနဲ့ စပါးထွက်ကုန်တွေပဲ ဖြစ်ပါတယ်။ မြစ်ရှေ့ကျေးရွာတွေအနေနဲ့ နွေဆောင်းရာသီတွေမှာ အဆင်ပြေပေမယ့် မိုးရာသီမှာတော့ မြို့ပေါ်တက်ဖို့ အခက်အခဲက နှစ်စဉ် ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ကျနော်တို့ ပေါက်တော ၂ ရွာပေါင်းပြီး ၁၆ ရက်နေ့က ကိုယ်ထူကိုယ်ထ တံတားခင်းတယ်။ အရှည်ပေ ၅၉၀ ရှိတယ်။ အကျယ် ၅ ပေရှိတယ်။ ဒီတံတားလေးနဲ့ ပေါက်တော၊ ကင်မွန်းခြုံ၊ အင်းဒင်၊ ကျားမင်း၊ အူဒူ၊ ဥယျာဉ် အဲ့ဒီရွာတွေက ဆောင်းနွေ အခမဲ့ အသုံးပြုနိုင်တယ်။ မိုးရာသီနဲ့ မြစ်ရေများချိန်ကျရင်တော့ ကူးတို့နဲ့ကူးရတယ်။ ဆိုင်ကယ်တစီးနဲ့ လူတယောက်ကို အသွားအပြန် ၁၅၀၀ လောက်ကုန်တော့ မြစ်ရှေ့ဘက်နေသူတွေ အခက်အခဲ ဖြစ်ကြပါတယ်" လို ဦးခင်မောင်ထွေးက ဆက်ပြောပါတယ်။

မြစ်သာမြစ် အရှေ့ကမ်းရွာတချို့အနေနဲ့လည်း နီစပ်ရာနေရာတွေမှာ မြစ်ရေနည်းချိန် ဝါးတံတားထိုး အသုံးပြုနေကြဆဲဖြစ်ပြီး ကျေးရွာတွေက လူဦးရေ ၁ သိန်းခွဲလောက် မြစ်ကိုဖြတ်ပြီး ကူးနေရတယ်လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013