DVB Logo
Home
မြန်မာသတင်း
တနှစ်လျင် အနာကြီးရောဂါသည်သစ် ၂၅၀၀ နှင့် ၃၀၀၀ ကြား ထွက်ပေါ်
DVB
·
December 16, 2018
တနှစ်လျင် အနာကြီးရောဂါသည်သစ် ၂၅၀၀ နှင့် ၃၀၀၀ ကြား ထွက်ပေါ်
Donate to DVB

လက်ရှိ အနာကြီးရောဂါဖြစ်ပွားနှုန်းက နှစ်စဉ် ၁ နှစ်ကို လူနာသစ် ၂၅ဝဝ ကနေ ၃ဝဝဝ ကြား ထွက်နေပြီး အဲဒီထဲက ၁ဝ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိဟာ မြင်သာထင်သာသော ကိုယ်အင်္ဂါ ချို့ယွင်းမှုဖြစ်နေတဲ့ လူနာတွေ ဖြစ်တယ်လို့ အနာကြီးရောဂါတိုက်ဖျက်ရေးဌာန စီမံချက် မန်နေဂျာ ဒေါက်တာချန်ထွန်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အနာကြီးရောဂါတိုက်ဖျက်ရေးညီလာခံအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပြီး ထွက်နေတဲ့ လူနာသစ်တွေရဲ့ ၅ ရာခိုင်နှုန်းလောက်က ကလေးလူနာတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရောဂါကူးစက်မှု ဆက်ပြီးတော့ ရှိနေတယ်ဆိုတာ ပေါ်လွင်နေတယ်လို့လည်း သူက ပြောပါတယ်။

လတ်တလောမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အနာကြီးရောဂါ လူနာ၊ ဝေဒနာရှင်တွေကို ရှာဖွေဖော်ထုတ်ပြီး ရောဂါပျောက်ကင်းစေတဲ့ဆေး MDT ကို အခမဲ့ရရှိအောင် ဆောင်ရွက် ပေးနေပါတယ်။

အနာကြီးရောဂါထူပြောပြီး အဖြစ်များတဲ့ ကျေးလက် ကျန်းမာရေးဌာန (၆ဝ) ကို  ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ ခုနှစ်တွေမှာ သုံးနှစ် ဆက်တိုက် လူနာရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ပါတယ်။

အနာကြီးရောဂါ ဖြစ်တဲ့ လူနာတွေကို ခန္ဓာကိုယ်ချို့ယွင်းမှုကာကွယ်တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပြီး ညောင်ဦးခရိုင်၊ မြင်းခြံခရိုင်၊ သာယာ ဝတီခရိုင်တွေမှာ အနာကြီးရောဂါသည်တွေနဲ့ အတူနေတဲ့မိသားစုတွေကို ကာကွယ်ဆေး တိုက်ကျွေးရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပေးပါတယ်။

ဒါ့အပြင် အနာကြီးရောဂါနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်း မျိုးစုံကိုလည်း လုပ်ဆောင်ပြီး အနာကြီးရောဂါကျွမ်းကျင်တဲ့ ဆရာကြီးတွေ အငြိမ်းစားဆရာကြီးတွေ ဦးဆောင်တဲ့ အဖွဲ့ကနေပြီးတော့ အနာကြီးရောဂါတိုက်ဖျက် ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပါတယ်။

မကြာသေးခင်ကပဲ နေပြည်တော်မှာ လုပ်သွားတဲ့ အမျိုးသားအဆင့် အနာကြီးရောဂါတိုက်ဖျက်ရေး ညီလာခံမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အနာကြီးရောဂါ ဖြစ်ပွားသူတွေနဲ့  မိသားစုဝင်တွေကို ခွဲခြားဆက်ဆံတာတွေ လျော့နည်းပပျောက်သွားအောင်လုပ်ဖို့ မှာကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013