DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး ၈ နှစ်ကလေးငယ်ကို ချုံပုတ်ထဲ ဒဏ်ရာများဖြင့် ပြန်တွေ့
DVB
·
December 16, 2018
ပျောက်ဆုံး ၈ နှစ်ကလေးငယ်ကို ချုံပုတ်ထဲ  ဒဏ်ရာများဖြင့် ပြန်တွေ့
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ဈ ရပ်ကွက်က ပျောက်ဆုံးသွားတဲ့ အသက် ၈ နှစ်အရွယ်​ မိန်းကလေးငယ်ကို ပြင်ဦးလွင်မှာ ဒဏ်ရာတွေနဲ့ပြန်တွေ့ခဲ့တယ်လို့ ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းကတာဝန်​ရှိသူတဦးက ​ပြောပါတယ်​။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ်​လောက်​က အသက် ၈ နှစ်အရွယ် မိန်းက​လေးတဦး နေအိမ်က​နေပြီး စက်ဘီးနဲ့ ထွက်သွားရာက​နေ ၄၇ လမ်း နဲ့ ၄၈ လမ်းကြားတပင်ရွှေထီးလမ်းနဲ့ မက္ခရာလမ်းကြားအ​ရောက်​မှာ အမည်မသိ လူတဦးက​ ဆိုင်ကယ်​နဲ့ ခေါ်သွားတာလို့ CCTV မှတ်တမ်း​တွေကို စစ်​​ဆေးရာက သိရပါတယ်​။

မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ​သက်ဆိုင်ရာ နယ်​မြေ​ရဲစခန်းဖြစ်​တဲ့ ပြည်​ကြီးတံခွန်​ရဲစခန်းကို လူပျောက်ကြောင်း အမှတ်စဉ် (၈/၂၀၁၈) နဲ့ တိုင်​ထားခဲ့တာလည်း ဖြစ်ပါတယ်။

ပျောက်ဆုံး​နေတဲ့ မိန်းကလေးငယ်ဟာ ပြင်ဦးလွင်မြို့နယ်ြ​ပင်စာရဲစခန်းအပိုင် နယ်​​မြေထဲက ချုံပုတ်အတွင်းမှာ အဝတ်ဗလာနဲ့ သတိလစ်မေ့မြော​နေတာကို တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

“ကလေးငယ်က စက်မှုဘက်က ဖြစ်​နေတယ်။ ဒီကလေးကို တွေ့တယ်ဆိုလို့ ကျနော်တို့ သွားစစ်ဆေးတဲ့အခါ ကလေးက မုဒိမ်းပြုကျင့်ခံထားရတဲ့ပုံစံဖြစ်နေတယ်။ ဘယ်ကနေ ဘယ်လို ပြင်ဦးလွင်ရောက်နေတယ်ဆိုတာတော့ မသိရသေးဘူး” လို့ ပြင်ဦးလွင်မြို့နယ် ပြင်စာရဲနယ်​ရဲစခန်းက ဒုရဲအုပ်​ဝင်းဗိုလ်​က ပြောပါတယ်​။

အခုဖြစ်​စဉ်နဲ့ပတ်သက်​ပြီး ပြစ်​မူကျူးလွန်သူကို ပြင်ဦးလွင်မြို့နယ် ပြင်စာနယ်​​မြေရဲစခန်းက (ပ) ၁၈၂/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၆၆ နဲ့ အမှုဖွင့်ထားကာ တရားခံကို အမြန်​ဆုံးဖမ်းဆီးရမိ​ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013