DVB Logo
Home
မြန်မာသတင်း
အာဏာမကြိုက်၍ ဒီမိုကရေစီတောင်းခဲ့သူများ အာဏာမယစ်မူးကြရန် သမ္မတ သတိပေး
DVB
·
December 16, 2018
အာဏာမကြိုက်၍ ဒီမိုကရေစီတောင်းခဲ့သူများ အာဏာမယစ်မူးကြရန် သမ္မတ သတိပေး
Donate to DVB

အာဏာကိုမကြိုက်လို့ ဒီမိုကရေစီဆိုပြီး ငယ်သံပါအောင်အော်တဲလူတွေက အာဏာကိုမယစ်မူးကြဖို့နဲ့ အာဏာယစ်မူးနေဦးမယ်ဆိုရင် တိုင်းပြည်ချာလပတ်လည်ဖို့ပဲ ရှိတော့တယ်လို့ သမ္မတက သတိပေးလိုက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးများနဲ့ ပြည်နယ်အတွင်းက ဌာနဆိုင်ရာတွေ့နဲ့ တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်က အခုလိုသတိပေး ပြောကြားလိုက်တာပါ။

“တချို့ ကိုယ်ဖြတ်သန်းခဲ့တဲ့၊ ကိုယ်ကြုံခဲ့တဲ့ကာလ၊ ကိုယ့်ရဲ့အတိတ်က ရင်ဆိုင်ခဲ့ရတဲ့ ဘ၀ကို မေ့တယ်။ ကိုယ်လည်း လုပ်ပိုင်ခွင့်ရှိရော လုပ်ပိုင်ခွင့်ကို အာဏာလို့ထင်ပြီးတော့ အာဏာကို တွင်တွင်သုံးတော့ ပြည်သူက နဂိုတည်းကမှ အာဏာကိုမကြိုက်တဲ့ဟာကို၊ မကြိုက်လို့ ဒီမိုကရေစီလိုချင်ပါတယ်ဆိုပြီး ဒီမိုကရေစီလုပ်တာ။ ကိုယ်ကျမှ ဒီမိုကရေစီဆိုပြီး ငယ်သံပါအောင်အော်တဲ့ လူတွေက အာဏာကိုပြန်ပြီး ယစ်မူးတယ်ဆိုရင် တချို့အာဏာယစ်မူးတဲ့သူတွေက အမူးမပြေသေးဘူး။ ကိုယ်ကပါ ထပ်ပြီး ယစ်မူးဦးမယ်ဆိုရင် တိုင်းပြည်ချာလပတ်လည်ဖို့ပဲရှိတယ်။ အဲဒါလေးတွေကို ဂရုစိုက်စေချင်ပါတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က “ဒါကတော့ ရှိပါတယ်။ ကျနော်တို့ အားလုံးကကော ပါတီကပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် အာဏာကိုယစ်မူးတဲ့သူကတော့ ရှိပါတယ်။ ကျနော်တို့ မရှိဘူးလိုတော့မပြောဘူး။ သမ္မတကြီးပြောတာမှန်ပါ။ ကျနော်တို့ပြည်နယ်မှာ မရှိဘူးလားလို့မေးရင် ရှိကောင်းရှိလာနိုင်လို့ ဒီစကားကိုပြောသွားတာ”လို့ ပြောပါတယ်။

တွေ့ဆုံပွဲမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်၊ မူးယစ်ဆေးဝါး၊ အဂတိတိုက်ဖျက်ရေး၊ ပြည်သူ့အခွန်ဘဏ္ဍာငွေ၊ တင်ဒါစည်းမျဉ်းစည်းကမ်း၊ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေ၊ သိမ်းဆည်းခံလယ်ယာ မြေတွေနဲ့ပတ်သက်ပြီးလည်း ပြောကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်စာရင်းစစ်ချုပ်နဲ့ ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ ဘားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ဖာပွန်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးနဲ့ သံတောင်ကြီးမြို့တွေက ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဟာ သမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကရင်ပြည်နယ် ဘားအံမြို့ကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013