DVB Logo
Home
မြန်မာသတင်း
အာဂျင်တီးနားက အသက် ၁၂ နှစ်အရွယ် ကျောင်းအုပ်(ရုပ်သံ)
DVB
·
December 15, 2018
အာဂျင်တီးနားက အသက် ၁၂ နှစ်အရွယ် ကျောင်းအုပ်(ရုပ်သံ)
Donate to DVB

အာဂျင်တီးနားနိုင်ငံက အသက် ၁၂ နှစ်အရွယ် ကလးငယ်တဦးဟာ ကိုယ်ပိုင်ကျောင်းတခု တည်ထောင်ကာ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးငယ်လေးတွေနဲ့ လူကြီးအချို့ကို အခမဲ့ စာသင်ပေးနေတယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။

ဒီကလေးရဲ့ နာမည်က လီယိုနာဒိုဖြစ်ပြီး သူဟာလေ့လာမှုကို ဝါသနာထုံပါတယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေ ကျောင်းမတက်နိုင်တာ၊ ကျောင်းတက်ပြီး စာမလုပ်ဘဲ အချိန်ဖြုန်းနေတာကို မြင်တွေ့ခဲ့ရပြီးမှာတော့ သူသိထားတာတွေကို ပြန်လည်မျှဝေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပထမဆုံးသူက သူ့အစီစဉ်ကို အဘွားဖြစ်သူကို ပြောပြပြီး အဘွားအိမ်နားမှာ စာသင်ဆောင်တခု တည်ဆောက်ဖို့ အကူအညီတောင်းခံခဲ့ပါတယ်။

အဘွားကလည်း လီယိုရဲ့ အကြံအစည်ကို ကူညီပေးခဲ့တာကြောင့် အခုချိန်မှာဆိုရင် လီယိုနာဒိုရဲ့ ကျောင်းမှာ ကျောင်းသား အယောက် ၄၀ လောက်တောင်ရှိနေပြီဖြစ်ပါတယ်။

လီယိုနာဒိုရဲ့ ကျောင်းဟာ ပုံမှန်ကျောင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အတော်လေး သေးပေမယ့် အခုချိန်မှာတော့ လီယိုနာဒိုရဲ့ အိမ်နီးချင်းတွေ၊ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ တနေ့တစ်ခြားတိုးတက်လာပြီဖြစ်ပါတယ်။

လီယိုနာဒိုဟာ ဒီကျောင်းကို တည်ထောင်သူဖြစ်ပြီး ဆရာအဖြစ်တင်မဟုတ်ဘဲ ကျောင်းအုပ်အဖြစ်လည်း ဆောင်ရွက်ပါတယ်။

အခုဆိုရင် ကျောင်းမှာ စာကြည့်စားပွဲတွေ၊ ဘီဒိုတွေတင် မဟုတ်ဘဲ စာကြည့်တိုက် အသေးစားလေးတခုပါ တည်ထောင် ထားနိုင်ပြီဖြစ်ပါတယ်။

ကျောင်းဟာ အဘွားအိမ်နဲ့ လီယိုနာဒိုနေတဲ့အိမ်တို့နဲ့ မိနစ် ၂၀ လောက် ခရီးရှိပြီး မိုးရွာရွာ၊ နှင်းကျကျ လီယိုက နေ့စဉ်မပျက်မကွက် စက်ဘီးလေးနဲ့ ရောက်လာပြီး စာသင်ပေးတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

ကျောင်းမှာ ကျောင်းသားအယောက် ၄၀ ရှိပြီး အဲဒီထဲကမှ ၃၆ ယောက်က လီယိုထက် ငယ်ရွယ်သူတွေဖြစ်ကာ ကျန်တဲ့လေးယောက်ကတော့ လီယိုနာဒိုထက် အသက်ပိုကြီးပါတယ်။

လီယိုနာဒိုဟာ သူတပါးကို ကူညီပေးရတဲ့ အလုပ်မျိုးကို နှစ်သက်သဘောကျသူဖြစ်ပြီး တခါတရံ ကျောင်းသားတွေ နေ့ခင်းဘက်စာမသင်နိုင်ရင်လည်း သူက ညဘက်ကို အချိန်ပြောင်းသင်းပေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013