DVB Logo
Home
မြန်မာသတင်း
သာစည်မြို့ အိမ်ထောင်စုဇယားလုပ်ရာတွင် ငွေပေးရမှု ဝန်ကြီးချုပ်ကို တိုင်ကြား
DVB
·
December 15, 2018
သာစည်မြို့ အိမ်ထောင်စုဇယားလုပ်ရာတွင် ငွေပေးရမှု ဝန်ကြီးချုပ်ကို တိုင်ကြား
Donate to DVB

သာစည်မြို့နယ်အတွင်း အိမ်ထောင်စုဇယားပြုလုပ်ရာမှာ လဝကနဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးအား ငွေပေးလုပ်ဆောင်နေရကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ကို ဒေသခံတဦးက တိုင်ကြားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ခန်းမမှာ ဒီဇင်ဘာ ၁၃ ရက်ညက တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ မြို့ခံလူထု တွေ့ဆုံပွဲမှာ ယင်းမာပင်ရွာနေ ဦးသိန်းစိုးက အခုလို တိုင်ကြားခဲ့တာပါ။

"၆၆ ဃဆိုလား အိမ်ထောင်ဇယားလုပ်ရာမှာ ရွာအုပ်ချုပ်ရေးမှူးကို ၁၀၀၀ ပေးရပါတယ်။ လဝကကို ၃၀၀၀ ပေးရပါတယ်။ အိမ်ထောင်ကျလို့ အိုးခွဲအိမ်ခွဲမှာ အိမ်ထောင်စုဇယားလုပ်လို့ လူတယောက်တိုးရင် ၁၀၀၀၊ ၅ ယောက်တိုးရင် ၅၀၀၀။ လဝကကို ၃၀၀၀ အုပ်ချုပ်ရေးမှူးကို ၁၀၀၀ ဆိုတာ့ စုစုပေါင်း ၉ ထောင် ကုန်ကျပါတယ်။"

တိုင်ကြားချက်အပေါ် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က "ပြည်ထဲရေးနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ကျော်ကျော်မင်း ပါပါတယ်၊ ပါတီကိစ္စမို့ ထားခဲ့တာပါ။ ခင်ဗျားတို့ အုပ်ချုပ်ရေးမှူး ရွေးတုန်းက မဲမပေးပဲနေရမှာ၊ ဘယ်လိုလုပ်ပြီး ရွေးခဲ့လဲ။ မြို့နယ်စီခန့်ကို စိစစ်ပြီး လုပ်ခိုင်းပေးပါ့မယ်၊ အပြစ်ရှိရင် ထွက်ရမှာပါ။ သိသိကြီးနဲ့ လာဘ်စားနေတာတွေ ရှိပါတယ်။ အခုလို ဖွင့်ပြောပြီး တိုင်ကြားတာ ကျေးဇူးပါ။ တိုင်းလဝကကို ပြောပါ့မယ်။ မွေးတိုးကို ၁၀၀၀ ပေးရတာ လွန်ပါတယ်၊ စုန်းပြူးတွေ ရှိနေပါသေးတယ်။ ဒါတွေပပျောက်အောင် ခင်ဗျားတို့ ကျနော်တို့ တာဝန်ပါ၊ စာလေးတော့ တင်ပေးပါ" လို့ ပြောပါတယ်။

မြို့နယ်လဝက ဦးစီမှူး ဦးတင်ဇော်လင်းက "ကျနော်ရဲ့ တိုက်နယ်မှူးတွေကို ငွေကြေးနဲ့ မပတ်သက်ဖို့ အဂတိကင်းဖို့ မှာကြားထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက အိမ်ထောင်စုဇယားတွေ မှတ်ပုံတင်တွေ အမြန်လုပ်ပေးဖို့ ညွှန်ကြားထားပါတယ်၊ အဲညွှန်ကြားချက်အတိုင်း လုပ်ပေးနေတာပါ။ ကျနော့်ဝန်ထမ်းတွေ ပြန်လာတိုင်းလည်း အဂတိကင်းရှင်းလားဆိုတာ ပြန်လည်မေးမြန်း စစ်ဆေးပါတယ်။ ကျနော်တို့အနေနဲ့ ငွေကြေးယူတာမရှိပါဘူး၊ အဂတိတရား ကင်းရှင်းပါတယ်" လို့ ပြန်လည်ရှင်းလင်းပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ် နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေဟာ သာစည်မြို့နယ်ခန်းမမှာ ပြည်သူ ၄၀၀ လောက်နဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013