DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ဖြေရှင်းရေးတွင် ကူညီမည်ဟု အိန္ဒိယသမ္မတ ပြော
DVB
·
December 15, 2018
မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ဖြေရှင်းရေးတွင် ကူညီမည်ဟု အိန္ဒိယသမ္မတ ပြော
Donate to DVB

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အပြည့်အ၀ နားလည်သဘောပေါက်ပြီး လိုအပ်တဲ့ အကူအညီမှန်သမျှ ပေးသွားမယ်လို့ အိန္ဒိယသမ္မတက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မြန်မာနိုင်ငံရှိ အိန္ဒိယလူ့အဖွဲအစည်းရဲ့ ဧည့်ခံပွဲမှာ သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်ပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်မှုရရှိရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးသလို ကမ္ဘာကြီးအတွက်ပါအရေးပါတယ်လို့ အိန္ဒိယသမ္မတ ရမ်နက်သ်ကိုဗင့်ဒ် က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အခုအခါမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ရှေးရှုတဲ့ပြုပြင်ပြောင်းလဲ မှုအမျိုးမျိုးကို တပြိုင်တည်း ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်ပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်မှုရရှိရေးဟာ ဒီနိုင်ငံအတွက် အရေးကြီးသလို တောင်အာရှနဲ့အာဆီယံမိသားစုအပြင် ကမ္ဘာကြီးအတွက်ပါ အရေးပါပါတယ်။ ဘ၀တူ ဒီမိုကရေစီနိုင်ငံနဲ့ ယဉ်ကျေးမှုခြင်းတူညီတဲ့ မိတ်ဆွေနိုင်ငံတနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အပြည့်အ၀ နားလည်သဘောပေါက်ပါတယ်။”

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းတွေအပေါ် စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့ အသင့်ရှိနေပြီး အိမ်နီးချင်းကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အိန္ဒိယသမ္မတက ပြောပါတယ်။

အိန္ဒိယ သမ္မတရဲ့ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ ၅ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းလာခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် မိုဒီ မြန်မာနိုင်ငံကို လာရောက်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း  အိန္ဒိယမှာ ကျင်းပတဲ့ အိန္ဒိယ – အာဆီယံ ထိ ပ်သီး စည်းဝေးပွဲကို တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း အိန္ဒိယ၀န်ကြီးချုပ်ဒီမိုဒီ မြန်မာပြည်လာရောက်ခဲ့သလို ၂၀၁၈ ခုနှစ် မေလပိုင်းက အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ဆူရှာမာဆွာရက် လာရောက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့  ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013