DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အောက်တိုဘာထက် နိုဝင်ဘာတွင် ပိုများ
DVB
·
December 15, 2018
ရန်ကုန်တိုင်းအတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အောက်တိုဘာထက် နိုဝင်ဘာတွင် ပိုများ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှုနဲ့ မုဒိန်းမှုဖြစ်ပွားမှုဟာ အောက်တိုဘာထက် နိုဝင်ဘာမှာ အမှုအရေအတွက် ပိုများလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာမှာ လူသတ်မှု ၉ မှုသာ ဖြစ်ပွားခဲ့ပေမယ့် နိုဝင်ဘာလမှာတော့ မှုခင်း ၁၈ မှုထိ ထက်ဝက်ကျော်များပြားလာပြီး မုဒိမ်းမှုမှာ အောက်တိုဘာက ၂၁ မှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလမှာတော့ ၂၅ မှုထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အမှုကြီးအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှုနဲ့ လုယက်မှုတွေသာ အဖြစ်များပြီး ကျန်အမှုကြီးတွေကတော့ တမှုနှစ်မှုလောက်ပဲ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲအရာရှိတဦးကပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာအတွင်းမှာ ပြည့်တန်ဆာမှု ၁၈ မှု၊ လောင်းကစားမှု ၆၀ မှု၊ ယစ်မျိုးမှု ၄၅ မှု၊ မူးယစ်ဆေးဝါးမှု ၁၅၆ မှု ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလမှာတော့ ပြည့်တန်ဆာမှု ၁၃ မှု၊ လောင်းကစားမှု ၇၁ မှု၊ ယစ်မျိုးမှု ၄၅ မှုနဲ့ မူးယစ်ဆေးဝါးမှု ၁၆၅ မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ သေမှုသေခင်းအမျိုးအစားတွေအရ အရက်မူးလွန်ပြီး သေဆုံးမှု ၂၆ မှု၊ ရေနစ်သေဆုံးမှု ၂၂ မှု၊ ဓာတ်လိုက်သေဆုံးမှု ၉ မှု၊ အဆိပ်သောက်သေဆုံးမှု ၃ မှု၊ ဆွဲကြိုးချသေဆုံးမှု ၇ မှုထိ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013