DVB Logo
Home
မြန်မာသတင်း
အက်ဳိးတူကုမၸဏီကို လယ္သမားမ်ား တရားစြဲ
DVB
·
September 6, 2012
Donate to DVB

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အကျိုးတူပူးပေါင်းလုပ်ကြဖို့ သဘောတူညီချက်ကို ချိုးဖောက်ပြီး လယ်သိမ်းခဲ့တဲ့ ပင်လယ်ကိုးသွယ်ကုမ္ပဏီကို လယ်သမားတွေက တရားစွဲဆိုလိုက်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်က လယ်သမားတွေက သူတို့နစ်နာဆုံးရှုံးရတာတွေ အတွက် ပင်လယ်ကိုးသွယ်ကုမ္ပဏီပိုင်ရှင် ဦးအောင်သန်းဦးကို  တရားစွဲလိုက်တာပါ။

ဦးအောင်သန်းဦးကို အကျိုးတူ အကြောင်းပြ လယ်လိမ်လည်ရယူမှု၊ အကျိုးဖျက်ဆီးမှု၊ ကျူးကျော်မှုတွေနဲ့ လယ်သမား ၁၂ ဦးကိုယ်စား လယ်သမား ဦးမောင်ညိုက ဒီနေ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုတာ ဖြစ်ပါတယ်။

လယ်သမားတွေဘက်က ရှေ့နေ ကိုဖိုးဖြူက “အဓိကတော့ လယ်သမားတွေက သီးစားတင်တယ်။ သူတို့ အကျိုးတူလုပ်မယ်လို့ပြောပြီး တကယ်မလုပ်တဲ့အတွက် လယ်တွေ လက်လွတ် ဆုံးရှုံးသွားရတယ်။ ဒါကြောင့်မို့ အကျိုးတူ အကြောင်းပြပြီး လယ်တွေ သိမ်းခံရတဲ့ လယ်သမားတွေက သူတို့ အသက်မွေးဝမ်းကြောင်း ဆုံးရှုံးတဲ့အတွက် လယ်တွေကို အသီးစားပုံစံမျိုး ပြန်ယူတယ်။ အဲဒီအခါမှာ ပထမအဆင့်အနေနဲ့က လယ်တွေ ဆုံးရှုံးသွားတာ နစ်နာမှုတခုပေါ့။ ဒုတိယကအဆင့်က လယ်တွေကို လက်ရောက်ပြန်ယူပြီး သီးနှံတွေ စိုက်ပျိုးပါလျက်နဲ့ ဖျက်စီးခံရတာက ဒုတိယက နစ်နာတာ။ တတိယကနစ်နာမှုက ကျူးကျော်ခံရတာ အဲဒါတွေကို ဦးညိုက စွဲဆိုတာပါ။”

မနေ့က ဦးတိုက်လျှောက်တာကို ဒီနေ့ အမှုလက်ခံပြီး စစ်ဆေးဖို့ အမိန့်ချမှတ်တယ်လို့ တရားစွဲဆိုသူ ဦးမောင်ညိုက ပြောပါတယ်။

၂၀၀၈ လောက်မှာ လယ်သမားတွေနဲ့ ကုမ္ပဏီတွေ အကျိုးတူပူးပေါင်းဖို့ သဘောတူကြပေမယ့် လက်တွေ့မှာ ကုမ္ပဏီဘက်က အကျိုးတူမလုပ်ဘဲ လယ်ယာမြေကို သိမ်းတဲ့အတွက် ၂၀၀၉ ဧပြီလလောက်မှာ လယ်သမားတွေ လယ်မြေကနေ ထွက်ခဲ့ရပါတယ်။

အဲဒီအချိန်ကတည်းက အခုထက်ထိ  လယ်လုပ်စရာမရှိလို့ စားဝတ်နေရေး အခက်ကြုံနေရတာကြောင့် တရားစွဲတာလို့ ဦးမောင်ညိုက ပြောပါတယ်။

“သူတို့ပြောတုန်းက လယ်သမားကို အကျိုးတူပူးပေါင်းပါမယ်ပြောပြီးတော့ ၂၀၀၈ မေလကျတော့ ၁ ဧကကို ၄ သောင်းပေးပြီး အကျိုးတူ မပူးပေါင်းဘဲ ကျနော်တို့ လယ်ယာ လက်ငုတ်တွေကို သူတို့ယူပြီးတော့ လယ်သမားတွေက အလုပ်မရှိဘဲ အခုထက်ထိ ၂၀၁၂ ထိ ဒုက္ခဆင်းရဲရောက်နေလို့ ကျနော်တို့ လယ်သမားတွေဟာ အသက်မွေးဝမ်းကြောင်းပြုဖို့ ၀မ်းစာလေးထဲက စုပေါင်းပြီးတော့ အမှတ် ၉ ကုမ္ပဏီ ဦးအောင်သန်း ကုမ္ပဏီမှာ လယ်ယာမြေဆင်းထွန်တာကို ဦးအောင်သန်းအမိန့်နဲ့ မန်နေဂျာ ဒေါ်ချိုမာက လာဖျက်တဲ့အတွက် ဒုက္ခရောက်တယ်။ ဒါတွေအတွက် ကုမ္ပဏီကို တရားစွဲခြင်းဖြစ်ပါတယ်။”

လယ်ဆင်းထွန်တဲ့အခါမှာ ကုမ္ပဏီဝန်ထမ်းတွေက ၀င်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် ဖျက်ဆီးတဲ့ဝန်ထမ်းတွေကိုပါ အခုစွဲဆိုတဲ့ အမှုတွဲထဲမှာ ထည့်သွင်းထားပါတယ်။ အမှုကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013