Home
မြန်မာသတင်း
မြန်မာဘက်ကသယ်လာသည့် အိုက်စ်နှင့်ဘိန်းဖြူများ မယ်ဆိုင်တွင် ဖမ်းမိ
DVB
·
December 15, 2018
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မနေ့ညက မြန်မာနိုင်ငံ တာချီလိတ်ဘက်ကနေ သယ်လာတဲ့ အိုက်စ်ရေခဲမူးယစ်ဆေး အလေးချိန် ၃၀၀ ကီလိုဂရမ် နဲ့ ဘိန်းဖြူ ၇၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ မူးယစ်ဆေးဝါးသယ်လာမယ်ဆိုပြီး သတင်းရထားချက်အရ အမှတ် ၃ ဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲ နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဟာ မနေ့ညက မယ်ဆိုင်မြို့နယ် ကော်ချန့်အုပ်စု  ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၂ လမ်းခွဲတလျှောက် စောင့်ကြပ်စစ်ဆေးနေခဲ့ကြောင်း၊ ည ၈ နာရီခွဲလောက်အချိန်မှာတော့ ဆန်ဖတ်ဟိရပ်ကွက်အပိုင်းမှာ ကော်ချန့်ဘက်ကနေ မယ်ဆိုင်မြို့ အတွင်းဘက် ဦးတည်မောင်းနှင်လာတဲ့ ငွေရောင်ဖို့ဒ်မော်တော်ကားတစီးကို တားဆီးစစ်ဆေးခဲ့ တာလို့  တာဝန်ရှိရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။ စစ်ဆေးချက်အရ ကားနောက်ခန်း မြွေရေခွံအိတ်ပေါင်း ၁၉ အိတ်ထဲက အိုက်စ်ရေခဲဆေး ၁၅ ထုတ် (အလေး ချိန်စုစုပေါင်း ၃၀၀ ကီလိုဂရမ်) နဲ့ ဘိန်းဖြူ ၄ ထုတ် (အလေးချိန် စုစုပေါင်း ၇၀) ဂရမ်တို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ နိုင်းဆုရဖုန်း၊ နိုင်းဝေါ်ရဝေ့ နဲ့ နိုင်းဆစ်ထိဖုန်းတို့ ၃ ဦး က အဆိုပါ မူးယစ်ဆေးတွေကို မယ်ဆိုင်ကနေ ထိုင်းနိုင်ငံအလယ်ပိုင်းဘက်ပို့ဆောင်ပေးဖို့  မြန်မာဘက်ခြမ်း တာချီလိတ်မှာ နေထိုင်သူ အမည်မသိ တရုတ်အမျိုးသား ၁ ဦးက စေခိုင်းခဲ့တာဖြစ်ကြောင်း၊ သယ်ဆောင်ခ ဘတ် ၁ သန်းခွဲပေးမယ်လို့ သဘောတူထားပြီး ပစ္စည်းတွေ ဟိုရောက်သွားတော့မှ ငွေရမယ်လို့ ၀န်ခံပြောကြားသွားပါတယ်။ ရဲတပ်ဖွဲ့က သူတို့ ၃ ယောက်လုံးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့မှု၊ သယ်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူသွားမှာဖြစ်ပြီး ကျန်တဲ့ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတ်ယ။ အခုလို မူးယစ်ဆေးဝါးအချီကြီး ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး အမှတ် ၃ ခရိုင်ဌာနချုပ် ရဲချုပ် ကိုယ်တိုင် လာရောက်ကာ လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းစာရှင်းပွဲ လုပ်မယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024