DVB Logo
Home
မြန်မာသတင်း
လေးဖြူသီချင်းကို တယောနှင့်ဂစ်တာ ပေါင်းစပ်တီးခတ်သီဆိုပြခဲ့သည့် အမေရိကန်နိုင်ငံသား (ရုပ်သံ)
DVB
·
December 15, 2018
လေးဖြူသီချင်းကို တယောနှင့်ဂစ်တာ ပေါင်းစပ်တီးခတ်သီဆိုပြခဲ့သည့် အမေရိကန်နိုင်ငံသား (ရုပ်သံ)
Donate to DVB

“မင်းရဲ့ အနမ်းတရှိုက်နဲ့… ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့… ခံစားချက်တူညီ…  ရှိခဲ့တဲ့ နောက်… မင်းရဲ့အတွေးများနဲ့… ငါရဲ့အတွေးများနဲ့… အနာဂတ်သစ် တူညီ… ထားခဲ့တဲ့ နောက်တော့”

ဒီသီချင်းစာသားတွေကို မြင်ရုံနဲ့ ပရိသတ်တွေက နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ခရီးဆုံးထိ” သီချင်းထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

ဒီသီချင်းကိုတော့ တေးရေး လင်းလင်းက ရေးစပ်ပေးခဲ့တာဖြစ်ပြီး နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူက သီဆိုကာ အောင်မြင်ထင်ရှားခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ခုတခါမှာတော့ ဒီသီချင်းကို အမေရိကန်နိုင်ငံသားတဦးက တယောနဲ့ ဂစ်တာ ပေါင်းစပ်တီးခတ်မှုနဲ့အတူ ဆန်းသစ်သီဆိုထားခဲ့တာကို ပရိသတ်တွေက ရှုစားနားဆင် ကြရမှာ ဖြစ်ပါတယ်။

“ခမ်းနားခြင်းကင်းမဲ့… အရိုးသားဆုံး ခရီးတခု… ငါတို့နှစ်ယောက်ကိုယ်တိုင်… ရွေးထားခဲ့ပြီး… သဘောထားများအပြည့်နဲ့… ဆူးလမ်းများနင်းဖြတ်… ဘာဖြစ်ဖြစ်ပါကွယ်… ခရီးများအဆုံးထိလျှောက်”

ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကိုတော့ အမေရိကန်သံရုံးဖေ့စ်ဘွတ်ခ်အင်တာနက်စာ မျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

“မြန်မာနဲ့အမေရိကန်တွေ ဘာများတူညီတာရှိသလဲ။ မိမိတို့အားလုံး ဂီတကို မြတ်နိုးကြတာပါ။ အဆိုတော် လေးဖြူရဲ့ ‘ခရီးဆုံးထိ’ သီချင်းကို ပြန်လည်သီဆို တင်ဆက်ထားတာလေး ကြည့်ပြီး ဘယ်လိုသဘောရသလဲဆိုတာ ပြောခဲ့ကြပါဦး။”

လတ်တလောမှာတော့ အမေရိကန်သံဝဲ၀ဲနဲ့ မြန်မာသီချင်းတပုဒ်ကို ပီပီပြင်ပြင် သီဆိုထားခဲ့တဲ့ ဒီသီချင်းဟာ အင်တာနက်စာမျက်နှာပေါ်မှာတော့ နာရီပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုသူတွေ၊ မှတ်ချက်ရေးသားသူတွေနဲ့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013