DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ်အစိုးရ အုပ်ချုပ်မှုညံ့ဖျင်းလျင် ဒီမိုကရေစီ ကျဆုံးနိုင်ဟု ဦးဝင်းမြင့် သတိပေး
DVB
·
December 15, 2018
တိုင်းနှင့်ပြည်နယ်အစိုးရ အုပ်ချုပ်မှုညံ့ဖျင်းလျင် ဒီမိုကရေစီ ကျဆုံးနိုင်ဟု ဦးဝင်းမြင့် သတိပေး
Donate to DVB

ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တွေ စီမံခန့်ခွဲမှု ညံ့ဖျင်းရင်၊ အုပ်ချုပ်မှု မှားယွင်းရင် ဒီမိုကရေစီ ကျဆုံးသွားနိုင်တာကို သတိပြုပါလို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်က  မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပတဲ့ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တရားလွှတ်တော်နဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေက ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတက တရားစီရင်ရေးအပိုင်းမှာ ရာထူး၊ ဂုဏ်သိမ်၊ အရှိန်အ၀ါ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မျက်နှာကြီးငယ်မလိုက်ဘဲ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ တရားစီရင်ရေး ဥပဒေများနဲ့အညီ ဆောင်ရွက်ကြဖို့ မှာကြားပါတယ်။

ဝန်ထမ်းများနဲ့ပတ်သက်လို့လည်း သမ္မတက ပြည်သူလိုလားတဲ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးဆောင်ရွက်ရာမှာ ပြည်သူကိုသာ မျက်နှာမူရမယ်၊ လုပ်ပိုင်ခွင့်ကို အာဏာလို့ ထင်မြင်ပြီး လုပ်ဆောင်နေရင် ဒီမိုကရေစီလမ်းကြောင်း တိမ်းစောင်းသွားနိုင်တယ်လို့ သတိပေး ထောက်ပြပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများနဲ့ပတ်သက်လို့  ဗဟိုမှာ ထိထိရောက်ရောက် လုပ်ဆောင်နေသလို၊ တိုင်းနဲ့ ပြည်နယ်အချို့အထိ ဖွဲ့စည်း ဆောင်ရွက်နေတာ၊ ဝန်ကြီးဌာနအလိုက် Corruption Prevention Units (CPU) များ ဖွဲ့စည်းပြီး ထိန်းကျောင်းဖို့  စီစဉ်နေတာတွေကိုလည်း ထဲ့သွင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ပြည်နယ်တိုင်းအနှံ့လှည့်လည်သွားလာပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ချပြပြောဆိုနေတာဖြစ်ပြီး ဒီနေ့မှာလည်း မွန်ပြည်နယ်ကနေ ကရင်ပြည်နယ်ကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013