DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်သည် ရခိုင်ပြည်နယ်အတွက် မင်္ဂလာရှိသည့်နှစ်ဟု သမ္မတ ပြော
DVB
·
December 15, 2018
၂၀၁၈ ခုနှစ်သည် ရခိုင်ပြည်နယ်အတွက် မင်္ဂလာရှိသည့်နှစ်ဟု သမ္မတ ပြော
Donate to DVB

၂၀၁၈ ခုနှစ်ဟာ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ ရရှိနေတဲ့အတွက် မင်္ဂလာရှိတဲ့ နှစ်တနှစ်ဖြစ်ခဲ့တယ်လို့ သမ္မတဦးဝင်းမြင့်က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက် ၄၄ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာ မှာ သမ္မတက ပြောလိုက်တာပါ။

“ရခိုင်ပြည်နယ်မှာ ဆိုးဝါးလှတဲ့ သဘာဝဘေးဒဏ်များ ကင်းလွတ်ခဲ့ပြီး မောင်တော ဒေသအတွင်းမှာလည်း  တည်ငြိမ်အေးချမ်းမှု အခြေအနေကောင်းများ ရရှိနေတဲ့အတွက် မင်္ဂလာ ရှိတဲ့ နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။”

ဒါ့အပြင် သမ္မတက  ရခိုင်ပြည်နယ် လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုများ အစဉ် အမြဲဖြစ်ပေါ်နေစေဖို့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းဖို့၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတဲ့ ဦးတည်ချက်တွေနဲ့ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီ ၄ ရပ် ဖွဲ့စည်းကာ ကြိုးပမ်းဆောင်ရွက်နေတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကိုလည်း ကော်မတီဝင် ၉ ဦးနဲ့ ဖွဲ့စည်း ဆောင်ရွက်နေကြောင်းလည်း သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

အလားတူ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်အင်မတန်အရေးပါတဲ့ ကျောက်ဖြူအထူး စီးပွားရေးဇုန်၊ မောင်တောဒေသ ကညင်ချောင်းစီးပွားရေးဇုန်နဲ့ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း တို့ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ရသေ့ တောင်မြို့နယ်၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဘူးသီးတောင် မြို့နယ်တို့အတွက် ၂၄ နာရီဓာတ်အားများ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မောင်တောမြို့နဲ့ အနီးအနားကျေးရွာတွေအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း (၂၄) နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက် ဆောင်ရွက်နေကြောင်းလည်း ဖော်ပြပါရှိပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်လို့ ပြန်လည်လက်ခံရေးအတွက်နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို တိတိ ကျကျရေးဆွဲပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့ကတည်းက  စတင် ညှိနှိုင်း ဆောင်ရွက် နေပုံကိုလည်း ထဲ့သွင်းဖော်ပြပါတယ်။

ရခိုင်တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမအားလုံးအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အဖွဲ့ အစည်းများ သဟဇာတရှိစေရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပ တဲ့ ပြည်နယ်ဖြစ်လာစေရေး၊ အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ အမြော်အမြင်ကြီးစွာ ဆက်လက်ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားကြဖို့ကိုလည်း သ၀ဏ်လွှာပေးပို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013