DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာသို့ စစ်ဘေးရှောင် ၂ဝဝ ခန့် ထပ်ရောက်
DVB
·
December 14, 2018
ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာသို့ စစ်ဘေးရှောင် ၂ဝဝ ခန့် ထပ်ရောက်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်စည်တောင်ကျေးရွာနဲ့ သဗြုချောင်းကျေးရွာတို့မှ ကျေးရွာသား ၂၀၀ လောက် ဒီဇင်ဘာ ၁၃ ရက်နေ့က သင်းပုန်းတန်းကျေးရွာကို ရောက်ရှိလာကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။

"ကျောက်စည်တောင်ကျေးရွာ၊ သဗြုချောင်း၊ မောင်နှမကျေးရွာ သုံးရွာပေါင်း အိမ်ခြေ ၅၀ ကျော် လူဦး ၂၀၀ နီးပါးလောက် ရောက်ရှိလာတာပါ။ ဖားဝပ်ချောင်းကျေးရွာက မိသားစု ၁၀ စု၊ လူဦးရေ ၄၁ ဦးကတော ဒီဇင်ဘာလ ၈ ရက်နေ့က ရောက်လာခဲ့တာပါ။ ယခင်ရောက်လာသူများနဲ့ဆို စုစုပေါင်း ၃၂၁ ဦးရှိပါတယ်" လို့ပြောပါတယ်။

ပိုးရွှီပြင် မဟာမိတ်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုအောင်ကျော်က "သင်ပုန်းတန်းကို ကျနော်တို့ရွာက သုံးနာရီလောက် ရေကြောင်း မော်တော်ဘုတ်နဲ့ သွားရသေးတယ်။ ဒုက္ခသည်များကို ဒီကိုခေါ်ပြီး ကူညီထောက်ပံ့မှုတွေ လုပ်နေပါတယ်။ မဟာမိတ်လူမှုကူညီရေး အသင်းအနေနဲ့ကတော့ လောလောဆယ် ဆန် နဲ့ ရိက္ခာခြောက်၊ အဝတ်အထည် စတဲ့လိုအပ်တာတွေကို အလှူရှင်တွေက တိုက်ရိုက်လှူမယ်ဆိုရင်လည်း သင်းပုန်းတန်းကျေးရွာအထိ လိုက်ပို့ပေးတယ်၊ တဆင့်လှူခိုင်းတာတွေကိုလည်း တဆင့်ခံ လှူဒါန်းပေးပါတယ်။ အခုကတော တိုက်ပွဲးတွေ ရပ်နေပါပြီ” လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာက တိမ်းရှောင်နေခဲ့ကြတဲ့ စစ်ဘေးရှောင် ၂၅၀ ကတော့ ဒီဇင်ဘာ ၁၃ ရက်နေ့က တိုက်ပွဲသံ ငြိမ်သွားပြီဖြစ်လို့ ပြန်သွားကြပြီဖြစ်ကြောင်း စည်တောင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က ပြောပါတယ်။ ကံပြင်ကျေးရွာမှာ အိမ်ထောင်စု ၅၄ စု  လူဦးရေ ၂၈၇ ဦးရှိကြောင်း သိရပါတယ်။

“စစ်ဘေးရှောင်တွေ အသီးသီး ကိုယ့်အိမ်ကို ပြန်သွားကြပါပြီ။ ဒီဇင်ဘာ ၁၃ နေ့ကပါ။ ကံပြင်ရွာအနီးအနားတွေမှာ ပစ်ခတ်သံတွေ မကြားရတော့တဲ့အတွက် တည်ငြိမ်သွားပြီး ပြန်သွားတာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပေမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ တရုတ်နိုင်ငံမှာ ဆွေးနွေးမှုအပြီး စစ်ရေးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်း အရဆောင်ရွက်ရန်ဆန္ဒရှိကြောင်း AA ၊ TNLA ၊ MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က သဘောထား ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013