DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 14, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၅၆၀၀ ပေါက်ဈေးရှိပြီး ၁၉၅၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပိသာ ၆၀ ဝင်တအိတ်ကို ၇၀၀၀၀ ကနေ ၇၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၂၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီ (ဟောင်း) က ပိသာ ၆၀ ဝင်တအိတ်ကို ၆၅၀၀၀ ကနေ ၆၆၀၀၀ အထိ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ပိသာ ၆၀ ဝင်တအိတ်ကို ၇၀၂၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၄၂၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲတီစိမ်း

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲတီစိမ်းတအိတ်ကို ၆၈၀၀၀ ကနေ ၁၀၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၀၀၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၈၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်က ၄၅ ပိသာဝင်တအိတ်ကို ၂၁၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင်တအိတ်ကို ၂၀၄၀၀၀  ကနေ ၂၃၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၂၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီ တပိသာကို ၁၅၉၀ ကနေ ၁၆၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိသာကို ၁၆၂၀ ကနေ ၁၆၃၀ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၃၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိသာကို ၄၀၀ ကနေ ၁၁၅၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ တပိသာကို ၄၀၀ ကနေ ၈၅၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ် ဈေးတက်လာပါတယ်။ ဘုရင့်နောင်နဲ့ မြင်းခြံကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ပဲတီစိမ်းကတော့ ဒီတပတ်မှာ ဈေးတက်လာပါတယ်။ ငွေကြေးလဲလှယ်နှုန်း ရုတ်တရက် ပြောင်းလဲပေမယ့် တရုတ်ဝယ်လိုအား အရမ်းများလာတဲ့အတွက် ပဲတီစိမ်းက ဒီတပတ်မှာ ဈေးတက်လာခဲ့ပါတယ်။

နောက်သီးနှံတခုကတော့ စားအုန်းဆီဈေးပဲ ဖြစ်ပါတယ်။ စားအုန်းဆီဈေးကတော့ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ဈေးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ စားအုန်းဆီကို အဓိကတင်ပို့နေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း စားအုန်းဆီ ဈေးကျဆင်းမှုကြောင့် တင်ပို့ခွန်နှုန်းတွေ ဖြေလျော့မှု ပြုလုပ်နေတာ တွေ့ရပါတယ်။ စားအုန်းဆီက ပဲပုတ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီတို့နဲ့ ဈေးကွက်ဝေစု ခွဲယူနေရတဲ့အတွက် ပြည်ပမှာသာမက ပြည်တွင်းမှာပါ ဈေးက ကျဆင်းသွားခဲ့တာပါ။

စားအုန်းဆီက တပိသာကို နှစ်လအတွင်း ငွေကျပ် ၂၀၀ လောက် ဈေးကျသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013