DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့ ​နေအိမ်​အတွင်း အမျိုးသမီးတဦး အသတ်​ခံရမှု သံသယရှိသူတဦးကို ဖမ်းဆီး
DVB
·
December 14, 2018
ဖျာပုံမြို့ ​နေအိမ်​အတွင်း အမျိုးသမီးတဦး အသတ်​ခံရမှု သံသယရှိသူတဦးကို ဖမ်းဆီး
Donate to DVB

ဖျာပုံမြို့ အမှတ်​ ၁၉ ရပ်​ကွက်​က​ ​နေအိမ်မှာ အမျိုးသမီးတ​ဦး ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်​ရာတွေနဲ့ အသတ်ခံထားမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတဦးကို ဖမ်းဆီးလိုက်ပြီလို့ ရဲက ပြောပါတယ်။

ဖြစ်​စဉ်​မှာ ဖျာပုံမြို့၊ ရာဇဓိရာဇ်​လမ်း​နေ ​ဒေါ်မာဦး​နေအိမ်​မှာ​ ငှားရမ်းနေတဲ့ ​ဒေါ်ခင်​စန်းဦး အသက်​ (၄၄) နှစ်​​ ဒဏ်​ရာတွေနဲ့ ​သေဆုံး​နေ​ကြောင်း ဒီဇင်ဘာ ၁၁ ရက်နေ့မနက်က အ​ကြောင်းကြားချက်​အရ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဖျာပုံမြို့နယ်​ရဲတပ်​ဖွဲ့မှူးအပါအ၀င် တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာ နေအိမ်​ရဲ့ ဘုရားခန်း ဝါးထရံကားထားတဲ့ နံရံကိုမှီပြီး ​နောက်​​ကျော​ ထိုးသွင်းဒဏ်​ရာ ၁ ချက်​၊ ဝဲဘက်​နံ​ဘေးတွင်​ ထိုးသွင်းဒဏ်​ရာ ၁ ချက်​၊ ဝဲဘက်​ပါးမှာ​ ပြတ်​ရှဒဏ်​ရာ ၁ ချက်​၊ ဝဲနဖူးစပ်​​ ပြတ်​ရှ ဒဏ်​ရာ ၁ ချက်​ စ​တဲ့ ဒဏ်​ရာတွေနဲ့ အသတ်​ခံထားရတာ တွေ့ရှိခဲ့တာပါ။

ညီမဖြစ်​သူက အစ်မဖြစ်သူအသတ်ခံရမှုအား ​ဖော်​ထုတ်​အ​ရေးယူ​ပေးဖို့​ တိုင်​တန်းလို့ ဖျာပုံမြို့မ ပုဒ်​မ ၃၀၂ နဲ့ အမှုဖွင့်ပြီး စုစမ်းစစ်ဆေးနေရာက ဒီနေ့မှာတော့ မသင်္ကာတရားခံ ငပိုင်ခေါ် ပိုင်ပိုင်ကျော်အား ဖမ်းဆီးမိခဲ့တယ်လို့ အမှုစစ် ဒုရဲအုပ် ဇော်ဟိန်းက ပြောပါတယ်။

“အခင်းဖြစ်တဲ့နေရာမှာ တယောက်နဲ့တယောက် လုံးထွေး သတ်ပုတ်ရင်းနဲ့ ဓားယူပြီး သေဆုံးသူကို ဓားနဲ့ထိုးတယ်။ ပထမဦးဆုံး လည်ပင်းကို ထိုးတယ်လို့ ပြောတယ်။ လည်ပင်းရယ်၊ ယာဘက် နို့အုံတို့၊ ဦးခေါင်း၊ ငယ်ထိပ်၊ ကျောကုန်းတို့ဘာတို့ကို ထိုးတယ်။ အားလုံး ဒဏ်ရာပေါင်း ၁၉ ချက်ဖြစ်ပါတယ်။ ပိုင်ပိုင်ခေါ် ငပိုင်ကို ဖျာပုံ ပြည်သူ့ဆေးရုံကြီးကို ခေါ်ပြီး ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ လုံးထွေးသတ်ပုတ်ထားတဲ့ဒဏ်ရာတွေ ဟုတ်မဟုတ်နဲ့ လူသတ်မှုကို အမှုတည်ဆောက်ပြီး ဖျာပုံခရိုင်တရားရုံးမှာ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013