DVB Logo
Home
မြန်မာသတင်း
ဖြိုးမြတ်အောင်သီဆိုသည့် ဗိုလ်ချုပ်သီချင်း ရွေးကောက်ပွဲတွင်သုံးရန် အန်အယ်လ်ဒီကို လှူဒါန်း (ရုပ်သံ)
DVB
·
December 14, 2018
ဖြိုးမြတ်အောင်သီဆိုသည့် ဗိုလ်ချုပ်သီချင်း ရွေးကောက်ပွဲတွင်သုံးရန် အန်အယ်လ်ဒီကို လှူဒါန်း (ရုပ်သံ)
Donate to DVB

"ငါတို့ရဲ့ ဂျင်နရယ်" သီချင်းကို လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့အချိန်ထိ အန်အယ်လ်ဒီက တဦးတည်း စိတ်ကြိုက်စီမံခန့်ခွဲပိုင်ခွင့်ရှိမယ့် နှစ်ဘက်သဘောတူစာချုပ်ကို အဖွဲ့ချုပ်နဲ့ တေးရေးသူ ယူဇောတို့ လက်မှတ်ထိုးလိုက်ကြပါတယ်။
ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ဒီဇင်ဘာ ၁၃ ရက်က လက်မှတ် ထိုးခဲ့ကြတာဖြစ်ပြီး "ငါတို့ရဲ့ ဂျင်နရယ်" သီချင်းဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ Winner ဆုရရှိခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့ သီဆိုမှုနဲ့အတူ ပရိသတ်တွေကြားမှာ  ဗိုလ်ချုပ်သီချင်းဆိုပြီး နာမည်ကြီးတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ဒီသီချင်းကို ရေးစပ်ခဲ့တဲ့ တေးရေးဆရာယူဇောကတော့ "ဒီလိုသီချင်း တပုဒ်ဟာ တကယ်ကို အသုံးချချင်သူ၊ အသုံးချသင့်သူတွေရဲ့ လက်ထဲမှာသာရှိသင့်တယ်လို့ ယူဆတဲ့အတွက် ကျနော့်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှူဒါန်းရခြင်းဖြစ်ပါတယ်။ ဒီလိုလှူဒါန်းဖို့ကိုလည်း အစကတည်းက ရည်ရွယ်ချက်ရှိပါတယ်"လို့ ပြောပါတယ်။
"ငါတိုရဲ့ ဂျင်နရယ်" သီချင်း လှူဒါန်းတဲ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးသိန်းဦး၊ ဒေါက်တာဦးမျိုးညွှန့် (ပြောရေးဆိုခွင့်ရှိသူ)၊ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဟိုး (ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ဝင်) တို့ တက်ရောက်ခဲ့ကြပြီး ဦးသိန်းဦးက လက်မှတ်ရေးထိုးပြီး လက်ခံရယူခဲ့တယ်လို့ အဖွဲ့ချုပ်သတင်းမှာ ဖော်ပြပါတယ်။
စာချုပ်ပါအချက်အလက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ "ငါတို့ရဲ့ ဂျင်နရယ်" သီချင်းနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကိစ္စအ၀၀ကို ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့ အချိန်ထိ တဦးတည်း စိတ်ကြိုက်စီမံခန့်ခွဲပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးရင်တော့  "ငါတို့ရဲ့ ဂျင်နရယ်"သီချင်းကို မူလ တေးရေးဆရာဖြစ်သူ ဆရာယူဇောကပြန်လည်လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013