DVB Logo
Home
Lead Story
ပိုင်းလော့ဖြစ်ချင်ခဲ့တာ ငယ်ငယ်ကတည်းက အိပ်မက်ပါ - နန်းရွှန်းအိ
DVB
·
December 14, 2018
ပိုင်းလော့ဖြစ်ချင်ခဲ့တာ ငယ်ငယ်ကတည်းက အိပ်မက်ပါ - နန်းရွှန်းအိ
1 / 3
Donate to DVB

[caption id="attachment_304292" align="alignleft" width="430"] ဓာတ်ပုံ - Nann Shoon Ei Facebook[/caption]

အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူတွေထဲမှာ လေယာဉ်တွေ မောင်းနှင်သူက ရှားတယ်လို့ ပြောရမှာပါ။ ဒီထက်ပိုပြီး အမျိုးသမီး လေယာဉ်မောင်းသူ ပိုင်းလော့က ပိုပြီး ရှားပါတယ်။

မြန်မာနိုင်ငံမှာတော့ လေကြောင်းလုပ်ငန်းတွေက အမျိုးသမီးဆိုရင် လေယာဉ်မယ်ကိုပဲ မြင်ယောင်တတ်ကြပါလိမ့်မယ်။ ရှားပါးတဲ့သူတွေထဲမှာမှ မြန်မာအမျိုးသမီးတယောက်ဟာ နိုင်ငံခြားမှာ လေယာဉ်တွေကို ထိန်းချုပ်မောင်းနှင်နေတဲ့ ပိုင်းလော့အဖြစ် လုပ်ကိုင်နေပါတယ်။ သူကတော့ နန်းရွှန်းအိပါ။ ငယ်ငယ်ကတည်းက လေယာဉ်မောင်းနှင်ချင်ခဲ့ပြီး တကယ်ဖြစ်လာခဲ့တဲ့ သူ့အကြောင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ဘယ်မှာမွေးပြီး ဘယ်မှာ ကျောင်းတက်ခဲ့တာလဲခင်ဗျ။

ဖြေ - မွေးရပ်မြေကတော့ ရန်ကုန်ကပါ။ ပညာရေးကတော့ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပြင်သစ်နဲ့ ဘွဲ့ရထားပါတယ်။

မေး - လေယာဉ်သင်တန်းကျောင်းကို ရောက်ခဲ့တဲ့အကြောင်းလည်း ရှင်းပြပေးပါဦး။

ဖြေ - လေယာဉ်မောင်းချင်တာကတော့ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာပါ။ ၁ဝ တန်းအောင်ပြီး လေယာဉ်မောင်းသင်တန်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် အသက်ငယ်သေးတာက တကြောင်း၊ ဘွဲ့ရပြီးမှ နိုင်ငံခြားသွားစေချင်တာက တကြောင်း၊ မိဘတွေက ခွင့်မပြုခဲ့ပါဘူး။ အဲဒါကြောင့် ဘွဲ့ရပြီးမှ လေယာဉ်မောင်းသင်တန်း သွားတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းကျောင်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Aerosim Flight School မှာပါ။

မေး - အဲဒီတုန်းက အခက်အခဲက ဘာတွေလဲ။

[caption id="attachment_304293" align="alignright" width="271"] ဓာတ်ပုံ - Nann Shoon Ei Facebook[/caption]

ဖြေ - အဓိက အခက်အခဲကတော့ အင်္ဂလိပ်စာပါ။ မသွားခင် ကြိုတင်ပြင်ဆင်ခဲ့ပေမယ့် တကယ် စရောက်ရောက်ချင်းမှာ အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် Air traffic controller (လေကြောင်းထိန်းချုပ်ရေးမှူး) တွေနဲ့ Communicate (ဆက်သွယ်) ရာမှာတော့ အခက်အခဲလေးတွေ ရှိပါတယ်။ ဆရာတွေကလည်း စနစ်တကျ သင်ကြားပေးတယ်။ ကိုယ်တိုင်ကလည်း လေ့လာသင်ယူတယ်။ နောက်ပိုင်းမှာတော့ အားလုံး အဆင်ပြေခဲ့ပါတယ်။

မေး - အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အကြောင်းကို ပြောပြပေးပါဦး။

ဖြေ - ၂ဝ၁၅ ခုနှစ်ကစပြီး FMI လေကြောင်းလိုင်းမှာ First Officer အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အခုတော့ First Officer ခေါ် တွဲဖက်လေယာဉ်မှူးအနေနဲ့ တရုတ်နိုင်ငံ Astro Air Shenzhen China မှာ အလုပ်လုပ်နေပါတယ်။ ကုမ္ပဏီက လေယာဉ်စင်းလုံးငှား ကုမ္ပဏီပါ။

မေး - ဒါက ဘဝမှာ တကယ်ဖြစ်ချင်ခဲ့တာလား။ ဒါထက်ပိုပြီး ဘာတွေဖြစ်ဖို့ ကြိုးစားနေလဲ။

ဖြေ - ပိုင်းလော့ဖြစ်ချင်ခဲ့တာ ငယ်ငယ်ကတည်းက အိပ်မက်ပါ။ တချိန်မှာ နိုင်ငံတကာ လေကြောင်းလိုင်းတွေမှာ မောင်းနှင်တဲ့ Captain တယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013