DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
DVB
·
December 14, 2018
ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေး နိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ မနေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပြီး မြန်မာ့ပညာရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကဏ္ဍတွေမှာ အကူညီပေးရေး ဆွေးနွေးခဲ့ပါတယ်။

သြစတြေးလျနိုင်ငံက မြန်မာ့ပညာရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးကဏ္ဍတွေမှာ အကူအညီတွေ ဆက်လက်ပေးအပ်သွားရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားရေး၊ သြစတြေးလျ အကူအညီနဲ့ ရခိုင်ပြည်နယ်မှာ ပညာသင်ကြားမှု အထောက်အကူပြု အစီအစဉ်ဆိုင်ရာကိစ္စရပ်၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မှုအခြေအနေ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း စစ်တွေမြို့  ဘောဒူဖ ဘဂါင်္လီ ကယ်ဆယ်ရေး စခန်းကို သွားရောက်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ နေထိုင်မှုအခြေနေတွေကို မေးမြန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013