DVB Logo
Home
မြန်မာသတင်း
ပုဂံသရပါဟိုတယ် အလုပ်သမားသပိတ်စစ်ကြောင်းတွင်ပါဝင်သူ ၁၃ ဦးကို ဖမ်းဆီးတရားစွဲ
DVB
·
December 14, 2018
ပုဂံသရပါဟိုတယ် အလုပ်သမားသပိတ်စစ်ကြောင်းတွင်ပါဝင်သူ ၁၃ ဦးကို ဖမ်းဆီးတရားစွဲ
Donate to DVB

ညောင်​ဦးခရိုင်​ ပုဂံ​မြို့ သရပါဟိုတယ်​အလုပ်​သမား သပိတ်စစ်ကြောင်း​မှာ ပါဝင်ခဲ့သူ ၁၃ ဦး တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

သရပါဟိုတယ်​က ဧည့်သည်​ အဝင်​နည်းမှု အ​ကြောင်းပြချက်​နဲ့ ဝန်​ထမ်း ၁၂ ​ယောက်​ကို ပြီးခဲ့တဲ့ သြဂုတ်​ ၂၄ ရက်​​နေ့က စတင်​​အလုပ်​ထုတ်​ခံရပြီး အဲဒီထဲမှာ အလုပ်​သမားသမဂ္ဂ​ ခေါင်း​ဆောင်​နဲ့ အလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​တွေ ပါဝင်ခဲ့တာကြောင့် အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေက ​၅ ကြိမ်​ ဆန္ဒဖော်ထုတ်ခဲ့ကြသလို ရက်​​ပေါင်း ၆၀ ကြာ အထိုင်​သပိတ်​ ပြုလုပ်​တာကိုလည်း ဖျက်​သိမ်းခံခဲ့ရါတယ်။

 ဒီဇင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းမှာ ပုဂံကနေ မန္တ​လေးကို အလုပ်သမားသပိတ် စစ်​​ကြောင်း ချီတက်ခဲ့ကြပြီး ​ညောင်​ဦး-မြင်းခြံ ကားလမ်း ​ညောင်​ဦးမြို့အထွက်​မှာ ငြိမ်းစု/စီခွင့်ပြုမိန့်​မတင်လို့ဆိုပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် တားဆီးဖြိုခွင်းခဲ့ပြီးနောက်  အလုပ်​သမားနဲ့ ​ကျောင်းသား ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ​ညောင်​ဦးမြို့နယ်​ တရားရုံးမှာ ငြိမ်းစု/စီဥပဒေပုဒ်​မ-၁၉ နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း အထိုင်​သပိတ်​ ဦး​ဆောင်​သူ ဦး​နေမျိုးဝင်းကို ငြိမ်းစု/စီဥပ​ဒေပုဒ်​မ-၁၉ နဲ့ ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013