DVB Logo
Home
မြန်မာသတင်း
အသတ်ခံရသည့် သတင်းထောက် ကိုစိုးမိုးထွန်းအတွက် ၂ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်
DVB
·
December 14, 2018
အသတ်ခံရသည့် သတင်းထောက် ကိုစိုးမိုးထွန်းအတွက် ၂ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်
Donate to DVB

Eleven Media Group မှ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ၂ နှစ်ပြည့်တဲ့အထိ အမှုမှန်မဖော်ထုတ်နိုင်သေးတာကြောင့် မိသားစုဝင်တွေဦးဆောင်ကာ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်က မုံရွာမြို့၊ ရွှေစည်းခုံစေတီမှာ ဆီမီးထွန်းဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

မနက်ပိုင်းကလည်း မိသားစုက ဆွမ်းကပ်အမျှဝေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ကိုစိုးမိုးထွန်းဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်အချိန်က မုံရွာမြို့၊ ခမရ ၁၆ အရှေ့ဘက်၊ ပြည်ထောင်စုလမ်းမှာ လမ်းဘေးမှောက်လျက်အနေအထားနဲ့ ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာ ၂ ချက်၊ မျက်နှာဖူးယောင်ဒဏ်ရာ၊ ဝဲမျက်ခုံးကွဲပြဲ ဒဏ်ရာ ၁ ချက်တို့နဲ့ သေဆုံးခဲ့ပါတယ်။

အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်းမှ (ပ)၁၅၆၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတာပါ။

လက်ရှိမှာ နယ်ထိန်းအဆင့်ကနေ တိုင်းအစိုးရ နယ်လုံဝန်ကြီးအထိ အဆင့်ဆင့်ပြောင်းလဲသွားပြီဖြစ်လို့ အမှုမှန်ပေါ်ပေါက်ရေး စိုးရိမ်စိတ်တွေရှိနေသလို အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို အားမရဘူးလို့ ဒေသခံသတင်းထောက်တွေက ပြောပါတယ်။

မိသားစုဝင်တွေကလည်း အမှုမှန်အမြန်ဆုံး ပေါ်ပေါက်ရေးသာ လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013