DVB Logo
Home
မြန်မာသတင်း
PTTEP ကုမ္ပဏီ သဘာဝဓာတ်ငွေ့တူးဖော်မည့်ကိစ္စ မြိတ်လူထုနှင့် တွေ့ဆုံ
DVB
·
December 13, 2018
PTTEP ကုမ္ပဏီ သဘာဝဓာတ်ငွေ့တူးဖော်မည့်ကိစ္စ မြိတ်လူထုနှင့် တွေ့ဆုံ
Donate to DVB

ထိုင်းနိုင်ငံခြေစိုက်ကုမ္ပဏီ PTTEP က ကမ်းလွန်လုပ်ကွက် MD-7 မှာ သဘာဝ ဓာတ်ငွေ့တူးဖော်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နဲ့ ကီလိုမီတာ ၂၃၀၊ မြိတ်မြို့နဲ့ ကီလိုမီတာ ၃၀၀ ကွာဝေးတဲ့ အဆိုပါလုပ်ကွက်ကို လာမယ့်နှစ် စတင်တူးဖော်မှာဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ပြည်သူတွေရဲ့စိုးရိမ်မှုတွေ၊ သဘောထားဆန္ဒတွေကို ကောက်ယူပြီး ရီပို့ ပြန်လည်ရေးရ မှာပါ။ နောက်တစ်ထပ်တွေ့ဆုံပွဲတွေမှာ ပြည်သူလူထုတွေကို ပတ်ဝန်းကျင်၊ ရေသယံဇာတနဲ့ လူမှုထိခိုက်မှု ရှိနိုင်ခြေများကို ကျယ်ကျယ်ပြန့်ပြန့်ချပြမှာပါ။ အခုက ပြည်သူလူထုတွေနှင့်ကနဦး တွေ့ဆုံတာဖြစ်တယ်။ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းမှာ တွေ့ဆုံဆွေးနွေးတာတွေလုပ်မှာပါ။ ကျမတို့အနေနဲ့ကလည်း ရရှိလာမယ့် ဂက်စ်တွေကို ပြည်တွင်းမှာပဲ ရောင်းချမှာပါ၊ ပိုလျှံမှပြည်ပကို တင်ပို့မှာပါ” လို့ MOGE မှ လက်ထောက်မန်နေဂျာ ဒေါ်စောသန္တာက ပြောကြားခဲ့ပါတယ်။

ပြည်တွင်းကိုအဓိထားရောင်းချမယ်လို့ ဆိုပေမယ့် PTTEP ကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် တင်ပို့ပေးနေတဲ့ ကုမ္ပဏီတခု ဖြစ်ကြောင်း သိရပါတယ်။

တနင်္သာရီကမ်းလွန်လုပ်ကွက်တွေမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ လာရောက်ထုတ်ယူမှု အများအပြားရှိသော်လည်းဒေသခံပြည်သူများမှာ လျှပ်စစ်မီးမရရှိပဲ ဈေးနှုန်းကြီးမြင့်စွာ ၀ယ်ယူသုံးစွဲနေရတဲ့အပေါ် ဒီနေ့ တွေ့ဆုံပွဲမှာ အရပ်ဘက်အဖွဲ့အစည်းတချို့က မေးခွန်းထုတ်ခဲ့ပြီး ကုမ္ပဏီဘက်က ပြန်လည်တင်ပြပေးမယ်လို့သာ ဖြေကြားခဲ့ပါတယ်။

အခုလုပ်ဆောင်မယ့် ကမ်းလွန်လုပ်ကွက်မှာ ကမ်းဝေးငါးဖမ်းကွက်အတွင်း တည်ရှိပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း နဲ့ ဖက်စပ်လုပ်ကိုင်တဲ့ စီမံကိန်းတခုဖြစ်ကြောင်း သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013