DVB Logo
Home
မြန်မာသတင်း
ရမ်းဗြဲကျောင်းဆရာမအား အဓမ္မပြုကျင့်သတ်ခဲ့သည့် တရားခံထွက်ဆိုချက် ရဲထုတ်ပြန်
DVB
·
December 13, 2018
ရမ်းဗြဲကျောင်းဆရာမအား အဓမ္မပြုကျင့်သတ်ခဲ့သည့် တရားခံထွက်ဆိုချက် ရဲထုတ်ပြန်
Donate to DVB

ရမ်းဗြဲက ကျောင်းဆရာမ အသတ်ခံရတာဟာ ရည်းစားစကားလိုက်ပြောတာကို လက်မခံလို့ ထိုးကြိတ် အဓမ္မပြုကျင့်ပြီး သတ်ပစ်တာဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူက ထွက်ဆိုတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ရွာကျေးရွာကျောင်းက ကျောင်းဆရာမ တဦးဟာ  အချွန်ပြင်ကျေးရွာအနီး ကားလမ်းမဘေးရှိ ချောက်ထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

တိုင်တန်းချက်အရ လေးတောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းခဲ့ရာမှာ မသင်္ကာတရားခံ မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာနေ ရွှေထူး(ခ)အေးချမ်းကို ဖမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ရွှေထူး(ခ)အေးချမ်းက ဆရာမကို ရည်းစားစကား ၃ ကြိမ်လောက်ပြောဆိုခဲ့ပေမယ့်  လက်မခံခဲ့ဘူးလို့ဆိုပါတယ်။ အခင်းဖြစ်နေ့မှာလည်း ဆရာမ ကျောင်းကိုသွားတဲ့ လမ်းဖြစ်တဲ့ စေရင်းကျေးရွာနဲ့ (၂) ဖာလုံလောက်အကွာ ဓနိတောက စောင့်နေတုန်း  ဆရာမ တဦးတည်း လမ်းလျှောက်လာတာကိုတွေ့လို့ ရည်းစားစကားထပ်မံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆရာမ က လက်မခံဘဲ ပါးတချက်ပြန်ရိုက်ခဲ့လို့ စိတ်ဆိုးပြီး ဆရာမရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်ရာ ဆရာမဟာ လမ်းဘေး ချောက်ထဲ ပြုတ်ကျသွားချိန် ရွှေထူး(ခ)အေးချမ်း က အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆရာမရဲ့ ရွှေနားကပ်တရံ၊ လက်ကိုင်ဖုန်းတလုံးတို့ကိုလည်း ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး သက်သေခံပစ္စည်းတွေသိမ်းဆည်းကာ ရွှေထူး(ခ)အေးချမ်း ကို  ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၄/၃၇၆ အရပြောင်းလဲစစ်ဆေးနေတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013