DVB Logo
Home
မြန်မာသတင်း
လေးတန်းကျောင်းသူအား အဓမ္မပြုကျင့် သတ်ခဲ့သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
DVB
·
December 13, 2018
လေးတန်းကျောင်းသူအား အဓမ္မပြုကျင့် သတ်ခဲ့သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့ အောင်မင်္ဂလာကျေးရွာ မူလတန်းကျောင်းက လေးတန်းကျောင်းသူတဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်တရားရုံး ဒီဇင်ဘာ ၁၂ ရက် မနက် ၁၁ နာရီမှာ ခရိုင်တရားသူကြီး ဦးဝင်းဆောင်က ပြစ်မှုကျူးလွန်ခဲ့တဲ့ ဦးမောင်ရီအား အမိန့်ချမှတ်ခဲ့တာပါ။

“လာနားထောင်ကြသူတွေတော့ သိပ်မများပါဘူး။ တရားခံက ဆတ်ဆတ်တုန်နေတယ်။ သူ့သမီးကတော့ ငိုနေတယ်” လို့ လာကြည့်သူတဦးက ပြောပါတယ်။

ဦးမောင်ရီ ၅၈ နှစ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မိုးကောင်းမြို့နယ် အောင်မင်္ဂလာ မူလတန်းကျောင်းက အသက် ၁၀ နှစ်အရွယ် ၄ တန်းကျောင်းသူကို အဖော်တဦးနဲ့အတူ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လေးတန်းကျောင်းသူရဲ့ အလောင်းကိုတော့ မိုးကောင်းမြို့ ရေရှင်ကျေးရွာအုပ်စု ပရဟိတကွင်းရှိ ထင်းတောအတွင်းမှာ လည်ပင်း၊ နောက်ကျော၊ ခါး၊ ရင်ညွန့်တို့မှာ ဓားဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

တရားခံ ၂ ဦးကို မိုးကောင်းမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၅/၁၈ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားတာပါ။

အဖော်ဖြစ်သူကတော့ မိုးညှင်းထောင် အချုပ်ထဲမှာ သီးသန့်ချုပ်ထားစဉ် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013