DVB Logo
Home
မြန်မာသတင်း
သားဖြစ်သူ မိုးအောင်ရင်အတွက် အဆိုတော် အောင်ရင်သီဆိုသည့် အဖေ့စကား သီချင်း(ရုပ်သံ)
DVB
·
December 13, 2018
သားဖြစ်သူ မိုးအောင်ရင်အတွက် အဆိုတော် အောင်ရင်သီဆိုသည့် အဖေ့စကား သီချင်း(ရုပ်သံ)
Donate to DVB

“ဘ၀လမ်းဟာ ဖြောင့်တလှည့် ကောက်တလှည့်ပါ… နီးတလှည့် ဝေးတလှည့်ပါ… ဒီလောကဓံတွေရဲ့ကြားမှာ သင်ခန်းစာတွေယူပါ…  အဆိုးတလှည့် အကောင်းတလှည့် ဘ၀… မာယာတွေကြားထဲက… လွတ်မြောက်နိုင်အောင်ကြိုးစား… ဒါအဖေ့မေတ္တာစကား”
ဒါကတော့ ခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေမှုတွေ လုပ်နေကြတဲ့ တေးရေးညီမင်းခိုင်ရေးစပ်ပြီး အဆိုတော် အောင်ရင် သီဆိုထားတဲ့ အဖေ့စကား အမည်ရတဲ့ သီချင်းစာသားတွေ ဖြစ်ပါတယ်။
“နှလုံးသွေးနဲ့ ရေးဖွဲ့ခဲ့တဲ့ ဒီလောကဓံတွေရဲ့ ကြား… အပြစ်ကင်းတဲ့ ကလေးလေး တစ်ယောက် ခေါ်ဆောင်လာခဲ့တယ်… အို ဖေဖေကြီးတဲ့… သူ့ခေါ်သံလေးရယ်… အရင် ဦးဆုံး စ,စကားပြောချိန် သတိရတယ်”
ဒီသီချင်းဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ သားဖြစ်သူ သရုပ်ဆောင် မိုးအောင်ရင်အတွက် ရည်ရွယ်သီဆိုထားခဲ့တာဖြစ်ပါတယ်။
၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က မိုးအောင်ရင်ကို အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့အတူ ပုဇွန်တောင်မြို့နယ်က သူ့ရဲ့ ရည်စားဖြစ်သူနေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး မိုး အောင်ရင် နေအိမ်ဖြစ်တဲ့ တာမွေမြို့နယ်နေအိမ်ကို ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ မိုးအောင်ရင် သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနှင့် ဘုန်းမြင့်အောင် (ခ) ဒေး ဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးမှာ သရုပ်ဆောင် မိုး အောင်ရင်ကို  ပုဒ်မ ၁၅၊ ပုဒ်မ၁၆ (ဂ) အရ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပါသေးတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးက မူးယစ် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉ (က) ရောင်းဝယ်ရန်အလို့ငှာ လက်ဝယ်ထားရှိမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တရားခံ ဘုန်းမြင့်အောင်ပါ ၃ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ အပြီးသတ်အမိန့်ချခဲ့တာပါ။
“လူ့ဘ၀က ခန့်မှန်းရခက်တဲ့ အမေးအဖြေကိုယ်စီနဲ့… နက်နဲတဲ့ လောကပုစ္ဆာ သဘာဝပဲ… အချိန်တန်အရွယ်ရောက်ရင်… အို.. အဆင်ပြေရမယ် စိတ်အလို ဆန္ဒများ အမှားတွေ သတိထား”
ဖခင်တယောက်ရဲ့ မေတ္တာတရားကို ဖော်ကျူးနေတဲ့ ဒီသီချင်းဟာ လတ်တလော အခြေအနေနဲ့ ထင်ဟပ်နေပြီး ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ ၀မ်းနည်းစိတ်မ ကောင်းဖြစ်နေကြပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မျှဝေမှုတွေ လုပ် ဆောင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013