DVB Logo
Home
မြန်မာသတင်း
ကနေဒီတောင် ဆက်စပ်ဧရိယာအားလုံး ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းရေးတောင်အဖြစ် တောင်းဆို
DVB
·
December 13, 2018
ကနေဒီတောင် ဆက်စပ်ဧရိယာအားလုံး ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းရေးတောင်အဖြစ် တောင်းဆို
1 / 4
Donate to DVB

ချင်းပြည်နယ် မြောက်ပိုင်း ကနေဒီတောင်တန်းကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ပေးခဲ့ပြီး လက်တွေ့မှာ ကနေဒီတောင် ဆက်စပ်ဧရိယာအားလုံး မပါတာကြောင့် ၂၀၁၈ မှာ ဧရိယာအားလုံး ပါဝင်ရေးတောင်းဆိုထားတယ်လို့ ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့ အတွင်းရေးမှူး ထမ်ဆွန်းမုန်က ပြောပါတယ်။

“၂၀၁၆ က ဒီတောင်ကို ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းရေတောင်အဖြစ် တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အမျိုးသားဥယျာဉ်အဖြစ် ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပေးတယ်။ ၂၀၁၇ မှာ အကောင်ထည်ဖော်မယ်ဆိုပြီး မြို့နယ်သစ်တောက မြေတိုင်းတော့ တောင်ရဲ့ မြောက်ဘက်ခြမ်းပဲ ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကနေဒီနဲ့ ချိတ်ဆက်တောင်စွယ်တွေအထိ သတ်မှတ်ပေးဖို့ တောင်းဆိုထားတယ်။”

ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့အနေနဲ့ ကနေဒီတောင်ကြောပေါ်က ချင်းပြည်အမှတ်အသား ဖြစ်တဲ့ တောင်ဇလပ်တောတွေကိုလည်း လက်လှမ်းမီသမျှ ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာတွေ့ရပြီး တောင်ဇလပ် ချယ်ရီတောတွေနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ သစ်တော ဥပဒတခု ဖြစ်ပေါ်လာဖို့ အစိုးရအနေနဲ့ ပြဋ္ဌာန်းပေးရေး ကြိုးစားနေပါတယ်။

“ကျနော်တို့ ကနေဒီ ဆက်စပ်တောင်စွယ်တွေအပါ ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းရေးတောင်အဖြစ် တောင်းဆိုတာကတော့ ဒီကနေ ဒီတောင်ရဲ့ တောင်းတန်းတောင်ဆွယ် ချောင်းမြောင်းတွေဟာ ကလေးလွင်ပြင်ကို ရောက်ပါတယ်။ ဒါက ဒီဘက်က မထိန်းသိမ်းနိုင်တော့ ၂၀၁၅ တုန်းက ကလေး လွင်ပြင် ထိခိုက်ခဲ့တယ်။ တကယ်တော့ ကလေးလွင်ပြင်ဆိုတာ ချင်းမြောက်ပိုင်းရဲ့ စပါးကျီဆိုလည်း မမှားပါဘူး။ ဒါကို နောင်မထိခိုက်အောင် အပြန်အလှန် ထိန်းသိမ်းပေးနိုင်ဖို့ တောင်းဆိုတာပါ”လို့ ထန်ဆွင်းမုန်က ဆက်ပြောပါတယ်။

ဒီဇင်ဘာလအတွင်း ကနေဒီတောင်တန်းပေါ်က တောင်ဇလပ်နဲ့ ချယ်ရီတွေ ပွင့်တာမို့ လာလည်သူ ပေါများလာတော့မှာဖြစ်တာကြောင့် တောင်ဇလပ်နဲ့ ချယ်ရီပန်းတွေအပင်တွေကို ချိုးဖျက်ယူဆောင်မှု လျော့ပါးဖို့ ပန်းပင်တောအုပ်တွထဲဆင်းပြီး စာတမ်းကပ်သတိပေးခြင်းတွေကို ကနေဒီ စိမ်းလန်းစိုပြေရေးအဖွဲ့က အခုလ ၁၂ ရက်ကတည်းက ကွင်းဆင်းလုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013