DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်း ၃ ဖွဲ့ ကြေညာချက်အပေါ် ငြိမ်းချမ်းရေးကော်မရှင် ကြိုဆို
DVB
·
December 13, 2018
မြောက်ပိုင်း ၃ ဖွဲ့ ကြေညာချက်အပေါ် ငြိမ်းချမ်းရေးကော်မရှင် ကြိုဆို
Donate to DVB

နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခုရဲ့ ကြေညာချက်ကို ငြိမ်းချမ်းရေးကော်မရှင်က လှိုက်လှဲစွာကြိုဆိုလိုက်ပြီး ကော်မရှင်က ဆက်လက်ညှိနှိုင်းဆွေးနွေး သွားမယ်လို့ ကြေညာလိုက်ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်မတော် (ULA/AA) တို့နဲ့ နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ရရှိရေးကိစ္စနဲ့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကိစ္စရပ်တို့ကို ဆက်လက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကော်မရှင်ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ NCA မှာ ပူးပေါင်းပါဝင်လာနိုင်ဖို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခုဟာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဒီဇင်ဘာ ၁၂ ရက်က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးနည်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လတ်တလောမှာ အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲတို့က နိုင်ငံရေးဆွေးနွေးပွဲတွေက နုတ်ထွက်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013