DVB Logo
Home
မြန်မာသတင်း
ကားတိုက်ခံ၍ ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြိုးစားသည့် မြန်မာလူငယ်ကို ထိုင်းရဲကယ်တင် (ရုပ်သံ)
DVB
·
December 13, 2018
ကားတိုက်ခံ၍ ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြိုးစားသည့်  မြန်မာလူငယ်ကို ထိုင်းရဲကယ်တင် (ရုပ်သံ)
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့မှာ ဒီကနေ့ မနက်စောစောက မြန်မာ လူရွယ်တဦး စိတ်ညစ်ပြီး သူ့ကိုယ်သူကားတိုက်ခံကာ သေကြောင်းကြံစည်ခဲ့တယ်လို့ ရနောင်း ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

ရနောင်းမြို့ ခေါင်နိဝေ့ရပ်ကွက်ရှိ ရနောင်းဌာနီလမ်းဆုံမှာ ဒီကနေ့မနက် ၁ နာရီလောက်က လူရွယ်တဦး ကားကြိတ်ခံပြီး မိမိကိုယ်မိမိသေကြောင်းကြံဖို့ ကြိုးစားနေကြောင်း သတင်းပေးပို့ချက် ရတဲ့အတွက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကယ်တင်ခဲ့တယ်လို့ ရနောင်းမြို့မရဲစခန်း ဒုစခန်းမှူး ထန၀ပ်ထောင်းန်ယုက သတင်းထောက်ကို ပြောပါတယ်။

တာဝန်ရှိသူရောက်သွားချိန်မှာ လမ်းမပေါ်ထိုင်ပြီးငိုကြွေးနေတဲ့ အသက် ၂၇ နှစ်ရွယ် မြန်မာလူရွယ်တဦးကိုတွေ့ရကြောင်း၊ သူဟာ ငါးဖမ်းလှေပေါ်က အလုပ်သမားတယောက်ဖြစ်ပြီး ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်တဲ့ လူမျိုးတူ မိန်းကလေးက အသည်းခွဲသွားတာကြောင့် စိတ်ညစ်ကြေကွဲပြီး အရက်သောက်ကာ ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံစည်တာလို့ ဒုစခန်းမှူးက ပြောပါတယ်။

ဒီမတိုင်ခင်က အနီးနားရှိ ဆိုင်ကယ်ကယ်ရီသမားနဲ့ ကားသမားတွေက သူ့ကိုလမ်းပေါ်မှာ အနင်းခံနေတာတွေ့တော့ တိုက်မသွားဘဲ ရပ်တံ့ပြီး လာရောက်နှစ်သိမ့်ချော့မော့ခဲ့ကြောင်း၊ သူဟာ ကားကြိတ်ခံတာပဲဖြစ်ဖြစ်၊ မောင်းလာနေတဲ့ကားကို ပြေးပြီးဝင်တိုက်တာပဲဖြစ်ဖြစ် ကား သမားတွေက အမှုအခင်းဖြစ်ပြီး ဒုက္ခရောက်ရာမှာဖြစ်ကြောင်း ပြောဆိုဖျောင်းဖျပေမယ့် နားမထောင်တာကြောင့် ရဲစခန်းကို ဖုန်းဆက်လိုက်တာလို့ ဆိုပါတယ်။

ရဲအရာရှိက သူ့ကို လမ်းမပေါ်မှာမထိုင်ဘဲ စိတ်ငြိမ်သွားအောင် ရဲစခန်းမှာ အေးအေး ဆေးဆေး စကားပြောရအောင်၊ သူ့ကိုလည်း အရေးယူတာ ဖမ်းဆီးတာတွေ မလုပ်ဘူးလို့ ချော့မော့ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လူရွယ်က ရဲအရာရှိကို ရှိခိုးပြီး သေပါရစေလို့ ပြောတာကြောင့် သူ့ကို ၀ိုင်းဝန်းတွဲထူပြီး ကားပေါ်တင်ခဲ့ပါတယ်။

ကားမထွက်ခင်လေးမှာ  ဒုရဲစခန်းမှူးက “လောကမှာ မိန်းကလေးတွေ အများကြီးရှိတယ်။ အသစ်ပြန်ရှာလို့ရတယ်။ ဆရာတောင် နေ့တိုင်း အသစ်ရှာချင်နေတာ၊ အိမ်ကမိန်းမက ကွာ မပေးဘူး။ မိန်းမကွာပေးရင်တော့ ၀မ်းသာမှာ၊ အသစ်တယောက်ရှာလိုက်၊ အခုအနားယူလိုက်ဦး ၊ အိုကေနာ်” ဆိုပြီး နှစ်သိမ့်ပြောဆိုခဲ့လို့ အဆိုပါ လူရွယ်လည်း စိတ်ပြေလျော့သွားပြီး ရဲစခန်းကို လိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013