DVB Logo
Home
မြန်မာသတင်း
ပုဂံသရပါဟိုတယ် အလုပ်သမားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းဖမ်းဆီး (ရုပ်သံ)
DVB
·
December 13, 2018
ပုဂံသရပါဟိုတယ် အလုပ်သမားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းဖမ်းဆီး (ရုပ်သံ)
1 / 9
Donate to DVB

မန္တေ​လးတိုင်း ​ညောင်​ဦးမြို့ သရက်​​ပါဟို​တယ်​က အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ရေး ညောင်ဦးကနေ နေပြည်တော်အထိ ချီတက်မယ့် သပိတ်စစ်ကြောင်းကို ရဲအင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့ပါတယ်။

ဒီကနေ့မနက် ပုဂံသရပါဟိုတယ် ​အလုပ်​သမားသပိတ်​​စစ်ကြောင်းဟာ ညောင်ဦးမြို့ အထွက်​​မှာ ရဲအင်​အားအလုံးအရင်းနဲ့ ဖြိုခွင်းခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူ အလုပ်သမားတဦးက “ပြည်သူ့ရဲတွေပြောပြီး အကြမ်းဖက်ကြတယ်၊​ မတရားဘူး။ ကျနော်တို့က ငြိမ်းချမ်းစွာ ချီတက်သပိတ်မှောက်ကြတာပါ။ ဒါကိုအင်အားသုံးပြီး သပိတ်စစ်ကြောင်းကို တားဆီးတာဖြစ်တယ်။ အလုပ်​ရှင်​ဘက်​က လိုက်​ကြတယ်​။ ဒါဟာ လုံးဝ မတရားဘူး” လို့ ပြောပါတယ်။

အလုပ်သမား သပိတ်စစ်ကြောင်းကို ရဲအင်အားအလုံးအရင်းနဲ့ အကြမ်းဖက်ဖြိုခွဲပြီး ဗကသ ကျောင်းသားများအပါအဝင် အလုပ်သမား ၁၃ ဦးကို အကြမ်းဖက်​ဖမ်းဆီးခဲ့ပါတယ်​။

အလုပ်သမားသပိတ်စစ်ကြောင်းကို ရဲအင်အားနဲ့ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးမှုနဲ့ ပတ်သက်​ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို​ မေးမြန်းခဲ့​ပေမယ့် သတင်း ထုတ်ပြန်ပေးနိုင်​ခြင်း မရှိ​သေး​ကြောင်းငြင်းဆိုခဲ့ပါတယ်။

ညောင်​ဦးမြို့ သရက်​​ပါဟို​တယ်​က အလုပ်​ထုတ်​ခံ အလုပ်​သမား​တွေကို အလုပ်​ပြန်​လည်​ ခန့်​ထား​ရေးအတွက် အ​​လုပ်​သမား​တွေဟာ ဟိုတယ်​​ရှေ့မှာ ရက်ပေါင်း​ ၆၀ ​ကျော် ​သပိတ်​စခန်းဖွင့် ဆန္ဒပြ​ခဲ့ကြပါတယ်။

ဒီဇင်​ဘာ ၁၀ ရက်​​နေ့ည ၁ နာရီ​လောက်​က အလုပ်​သမားသပိတ်​စခန်းကို သက်​ဆိုင်​ရာက အင်အားသုံးပြီး သွားရောက်ဖျက်​သိမ်းခဲ့ပါသေးတယ်။

ဒါ​ကြောင့် ဒီကနေ့ ဒီဇင်​ဘာလ ၁၃ ရက်​​နေ့မနက်​မှာဘဲ အလုပ်​ထုတ်​ခံ အလုပ်​သမား​တွေ အပါအဝင်​ အခြားဝန်းရံသူ လူ ၁၀၀ လောက်​က ​ညောင်​ဦးမြို့က​နေ မန္တ​လေးအထိ သပိတ်​ စစ်​​ကြောင်းဖွဲ့ ချီတက်ကြတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်၊ ရုပ်သံ - မြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013