DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဒေသကြီး အစုအဖွဲ့ပိုင် သစ်တောအတွင်း တရားမ၀င်သစ်ထုတ်ယူမှုများ ရှိနေ
DVB
·
December 13, 2018
တနင်္သာရီတိုင်းဒေသကြီး အစုအဖွဲ့ပိုင် သစ်တောအတွင်း တရားမ၀င်သစ်ထုတ်ယူမှုများ ရှိနေ
Donate to DVB

သစ်တောပြုန်းတီးမှုကိုကာကွယ်ဖို့နဲ့ ဆောင်ရွက်နေတဲ့ အစုအဖွဲ့ပိုင် သစ်တောတွေမှာ ၀င်ရောက်ပြီး တရားမ၀င် သစ်ထုတ်ယူမှုတွေရှိနေတယ်လို့ တနသာင်္ရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ရေပုံးကျေးရွာ၊ အစုအဖွဲ့ပိုင်သစ်တော ၉၃၆ ဧကကို လုပ်ကိုင်နေတဲ့ ဒေသခံတွေက  ပြောပါတယ်။

သဘာဝတောတောင် သစ်တောတွေကို ကာကွယ်ထိန်းသိမ်းရာမှာ ပြည်သူလူထုပူးပေါင်း ပါဝင်ပြီး အကျိုးခံစားခွင့်တွေကို သဘာဝမပျက်စီးဘဲ ထုတ်ယူသုံးစွဲနိုင်ဖို့၊ သစ်တောစိုက်ခင်းတွေကို ခေတ်ကာလနဲ့ကိုက်ညီတဲ့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း စီမံချက်ကို ပြန်လည်ရေးဆွဲပြီး အစုအဖွဲ့ပိုင်စိုက်ခင်းတွေအပေါ် ပြည်သူတွေစိတ်ဝင်စားမှုမြင့်တက်လာစေဖို့ ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရက လုပ်ကိုင်ခွင့်ပြုပေးထားတာပါ။

ရေဖြူမြို့နယ်၊ ရေပုံးကျေးရွာ၊ အစုအဖွဲပိုင်သစ်တော ဥက္ကဋ္ဌ စောဝါးမယ်စေးက “ကွင်းလိုက်တဲ့ စီအက် ၉၃၆ ဧကထဲမှာ တချို့အဖွဲ့အစည်းက ၀င်လုပ်ချင်တာပေါ့နော်။ အဲလိုမျိုး တွေလည်း ရှိတယ်။ ကျနော်တို့ တားထားရတယ်။ အဲလို အခက်အခဲတွေရှိတယ်” လို့ ပြောပါတယ်။

ရေဖြူမြို့နယ်၊ ရေပုံးကျေးရွာ၊ အစုအဖွဲပိုင်သစ်တောအဖွဲ့ဝင်၊ နော်ထူးထူးဆပ်က “စီးပွားရေး သမားတွေ ပိုင်ရာဆိုင်ရာနဲ့ပိုင်လို့ လုပ်ရဲတာပေါ့။ ကျမတို့ ရေပုံးဧရိယာထဲကို ကျူးကျော်ဝင်ရောက် နေပြီလို့ သတင်းကြားလို့ တက်ကြည့်ကျတယ်။ အမှန်တကယ်လည်း တော်တော်လေးကို သစ်တွေဘာတွေ လှဲထားတာ တိုက်ထားတာ တွေ့တယ်”လို့ ပြောပါတယ်။

တနသာင်္ရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက “၀န်ထမ်းတွေ အလွယ်တကူ ၀င်ထွက်သွားလာလို့မရတဲ့ အကန့်အသတ်တွေရှိတဲ့ ဧရိယာမှာဖြစ်တယ်။ အဲဧရိယာမှာဖြစ်တဲ့အတွက် ကျနော်တို့ဆီ သတင်းပို့လာတယ်။ ပို့လာရင် ကိုယ်တွေလည်း တိုက်ရိုက်စီမံခန့်ခွဲလို့ မရဘူး”လို့ ပြောပါတယ်။

လိုဒိုးစိုးမြို့နယ်၊ ကရင်အမျိုးအသားအစည်းအရုံး (ကေအန်ယူ) ဒုသစ်တောဦးစီးမှူး စောဒါးအယ်က “အခုကတော့ အပစ်အခတ်ရပ်စဲပြီးမှ တနင်္သာရီသဘာဝကြိုးဝိုင်းတွေ ရောက်လာတယ်။ အခု သူတို့ထောင်လာတဲ့ အစုအဖွဲ့ပိုင် သစ်တောဆိုတာ ရွာသားတွေက ကြိုက်တဲ့ ရွာသားရှိတယ်။ မကြိုက်တဲ့ ရွာသားရှိတယ်” လို့ ပြောပါတယ်။

တနသာင်္ရီတိုင်းဒေသကြီးမှာ အစုအဖွဲ့ပိုင်သစ်တောလုပ်ကိုင်ခွင့်ကို အစုအဖွဲ့ပေါင်း ၆၉ ဖွဲ့ကို သစ်တောဧက ၃ သောင်းကျော်မှာ လုပ်ကိုင်ခွင့် ပြုထားပါတယ်။

တနသာင်္ရီတိုင်းဒေသကြီးရဲ့ဧရိယာဟာ ဧက ၁၀၇ သိန်းကျော်၊ သစ်တောကြိုးဝိုင်းဧက ၂၉ သိန်းကျော်၊ ကြိုးပြင်ကာကွယ်တောဧက ၄ သိန်းကျော်၊ သစ်တောမြေဧရိယာ ၃၂ ရာခိုင်နှုန်း၊ သစ်တောဖုံးလွှမ်းမှုဧရိယာဧက ၆၄ သိန်းကျော်နဲ့ သစ်တော ဖုံးလွှမ်းမှု ၆၀ ရာခိုင်နှုန်းရှိပါတယ်။

၂၀၀၅-၂၀၁၅ အတွင်း မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်သစ်တောပြန်းတီးမှုအနေနဲ့ ၆ ဟက်တာ ပြန်းတီးနေတယ်လို့ သစ်တောဦးစီးဌာနက ကောက်ခံရရှိထားတဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာမှာ သစ်တောပြန်းတီးမှုအနေနဲ့ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတွေပြီးရင် မြန်မာနိုင်ငံဟာ တတိယနေရာမှာ ရောက်ရှိနေပြီးလို့ စစ်တမ်းတွေမှာလည်း ဖော်ပြထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013