DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာနှင့် ဦးနေမျိုးဝေအမှု ရုံးထုတ်စစ်ဆေး
DVB
·
September 6, 2012
Donate to DVB

ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြားနားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝေအပေါ် အသရေပျက်မှုနဲ့ တရားစွဲဆိုချက်ကို ဒီနေ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးပါတယ်။

ဒီနေ့ ရုံးချိန်မှာ ဇေကမ္ဘာကုမ္ပဏီဘက်က သက်သေခံတင်တဲ့ အစည်းအဝေးမှတ်တမ်းလေး တခုကို လက်မခံသင့်ကြောင်း၊ မှတ်တမ်းတင်သူနဲ့ သက်သေခံတင်သွင်းသင့်ကြောင်း ဦးနေမျိုးဝေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ဌေးက ကန့်ကွက်တဲ့အတွက် နှစ်ဘက်လျှောက်လဲချက် အကျယ်တ၀င့်ကြားနာဖို့ စက်တင်ဘာ ၂၀ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်။

[caption id="attachment_21738" align="alignleft" width="300" caption="ဦး​နေမျိုး​ဝေ"][/caption]

ရှေ့နေ ဒေါ်ခင်ခင်ဌေးက “သက်သေခံဥပဒေပုဒ်မ ၆၇ အရ ဒီလက်ရေးလက်မှတ်က  ထင်ရှားအောင် သက်သေပြဖို့လိုတယ်လို့ ဆိုတာကိုး၊ မှတ်တမ်းတင်တဲ့သူက ဦးဖေမြင့်၊ အခုတင်လိုက်တဲ့စာရွက်မှာက ဦးဖေမြင့်လက်မှတ်က မိတ္တူဖြစ်နေပြီးတော့ အစည်းအဝေးတက်ရောက်သူတွေရဲ့ ပထမစာမျက်နှာ တက်ရောက်သူလက်မှတ်က မူရင်းတွေပေါ့နော်။ အဲဒီတော့ မှတ်တမ်းတင်သူ ဦးဖေမြင့်နဲ့မှ ဒီစာရွက်ကို သက်သေခံ တင်ပါဆိုပြီး ကျမတို့ကန့်ကွက်ပါတယ်။ ရုံးတော်ကတော့ နှစ်ဖက်လျောက်လဲချက် ကျယ်ကျယ်ပြန့်ပြန့် ကြားနာမယ်ဆိုပြီး ၂၀ ရက်နေ့ကို ချိန်းလိုက်တာပါ” လို့ ပြောပါတယ်။

ဦးဖေမြင့်ဆိုသူဟာ ဇေကမ္ဘာကုမ္ပဏီကဖြစ်ပြီး လယ်သမားတွေနဲ့ အစည်းအဝေး လုပ်စဉ်မှာ မှတ်တမ်းတင်သူအဖြစ်နဲ့ လက်မှတ်ထိုးထားသူ ဖြစ်ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ ဇေကမ္ဘာကုမ္ပဏီက မန်နေဂျာ ဦးမြင့်ဇော်ကိုလည်း စစ်ဆေးပါတယ်။

တရားစွဲခံရတဲ့ ဦးနေမျိုးဝေဟာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှွှေနံ့သာကျေးရွာအုပ်စု အတွင်း ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နစ်နာခဲ့တဲ့ လယ်သမားတွေဘက်က  ကူညီဆောင်ရွက်ပေးသူ ဖြစ်ပါတယ်။

ဦးနေမျိုးဝေရဲ့ လယ်သမားအရေးနဲ့ ပတ်သက်ပြီး မီဒီယာတွေကို  ပြောဆိုချက်တွေဟာ ဦးခင်ရွှေပိုင်ဆိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်ဆိုပြီး ဇူလိုင် ၂၃ ရက်နေ့က အသရေဖျက်မှုနဲ့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီးနောက် ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013