DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 12, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိသာ ၆၀ ဝင်တအိတ်ကို ၇၆၈၀၀ ပေါက်ဈေးရှိပြီး ၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပိသာ ၆၀ ဝင်တအိတ်ကို ၇၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၈၀၀ ကျပ် ဈေးကွာခြားမှုရှိပါသည်။

ပဲစင်းငုံနီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံက ပိသာ ၆၀ ဝင်တအိတ်ကို ၇၀၀၀၀ ကနေ ၇၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ပိသာ ၆၀ ဝင်တအိတ်ကို ၆၉၀၀၀ ကနေ ၇၀၂၀၀ အထိ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၁၈၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းနက်စမုံ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်စမုံက ၄၅ ပိသာဝင် တအိတ်ကို ၂၁၀၀၀၀ ကနေ ၂၃၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင်တအိတ်ကို ၂၂၃၀၀၀ ကနေ ၂၂၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၇၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိသာဝင် တအိတ်ကို ၁၆၀၀၀၀ ကနေ ၁၆၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ၄၅ ပိသာဝင်တအိတ်ကို ၁၆၂၀၀၀ ကနေ ၁၆၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင် ၁၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲV2

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲV2 က ပိသာ ၆၀ ဝင်တအိတ်ကို ၇၅၀၀၀ ကနေ ၇၆၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပိသာ ၆၀ ဝင်တအိတ်ကို ၇၆၅၀၀ ပေါက်ဈေးရှိပြီး ၄၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီ တပိသာကို ၁၅၇၀ ကနေ ၁၅၈၀ အထိ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိသာကို ၁၆၁၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၃၀ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013